DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီ ယာဉ်တန်းနှင့်ခြေလျင်စစ်ကြောင်းများ နှစ်ရက်ဆက် တိုက်ခိုက်ခံရ
DVB
·
November 27, 2022
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီ ယာဉ်တန်းနှင့်ခြေလျင်စစ်ကြောင်းများ နှစ်ရက်ဆက် တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ တမူးမြို့ကနေ ကလေးမြို့ကို ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို နိုဝင်ဘာ ၂၆ ရက်က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကလေး PDF က ထုတ်ပြန်ပါတယ်။

မနေ့ မနက် ၁၀ နာရီ ခွဲလောက်ကနေ မွန်းလွဲ ၃ နာရီအထိ ၅၆ မိုင်ရွာနဲ့ မြလေးတောင်အကြားမှာ ၆ ကြိမ်တိုင် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ဒရုန်းအပါအဝင် လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို ဆိုပါတယ်။

မိုင်းခွဲတာကြောင့် လမ်းသားပြတ်ထွက်သွားပြီး စစ်ကောင်စီယာဥ်တန်းတွေ ရှေ့ဆက်မတိုးနိုင်ဘဲ မြလေးတောင်တောင်ခြေမှာ ညအိပ်ရပ်နားခဲ့တယ်လို့ ကလေး PDF အဖွဲ့ဝင်တဦးက ပြောပါတယ်။

"သူတို့အလာကို ကြိုစောင့်ပြီး တိုက်ခိုက်ခဲ့တာ။ သူတို့ဘက်တော့ ထိခိုက်ကျဆုံးမှု ရှိနိုင်တယ်။ အတည်ပြုလို့တော့ မရခဲ့ဘူး။ ကျနော်တို့ဘက်တော့ ထိခိုက်ကျဆုံးမှု မရှိဘူး။"

နိုဝင်ဘာ ၂၁ ရက်ကလည်း တမူးမြို့နယ်‌ ထင်းဇင်ရွာက နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အဲဒီစစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၀ ယောက်ထက် မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။။

စစ်ကိုင်းမြို့ကနေ မုံရွာမြို့ဘက်ကိုထွက်လာတဲ့ စစ်ကား ၁၀ စီးကို နိုဝင်ဘာ ၂၅ ရက်က ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့ တပ်ရင်းမှူး ကိုသက်ကြီးက ပြောပါတယ်။

စစ်ကားတွေကို နတ်ခရိုင်နဲ့ လယ်ကြီးရွာကြာမှာ ၂ ကြိမ်၊ ထီးဆောင်းနဲ့ ကံပြားရွာ ဇရပ်ကြားမှာ ၁ ကြိမ်  ပဒေသမိုင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့ တပ်ရင်းမှူး ကိုသက်ကြီးက “ပထမနှစ်ကြိမ်က နေ့လယ် ၁၁ နာရီ ၄၅ မှာ ဆွဲခဲ့တာ။ ၇ လုံး တနေရာ နဲ့ ၁၂ လုံး တနေရာ မိုင်းဆွဲခဲ့တယ်။ ကား ၂ စီး ကားဘီးတွေပေါက်ပြီး တန်းတွေပါ အကုန်ကျွတ်ထွက်တယ်။ အခုအချိန်အထိ လာမသယ်ရ သေးဘူ။  ၆ ဦးသေတယ်။ နောက်ပြီးတော့ ၁၂ နာရီ ၁၅ မိနစ်မှာ ထပ်ဆွဲတယ်။ ရှေ့ထွက်မိုင်း ၅ လုံးနဲ့ ပဒေသာ ၈ လုံး ဆွဲခဲ့တယ်။ စစ်ကားရှေ့က မှန်တွေ အကုန်ပြုတ်ထွက်ပြီး  ၂ ဦး သေတယ်လို့ သတင်းရထားတယ်” လို့ ပြောပါတယ်။

အခု မိုင်းဆွဲခံရတဲ့ စစ်ကောင်စီယာဉ်တန်းဟာ မုံရွာနမခကို ရိက္ခာနဲ့ လေယာဉ်ဆီတွေ သွားရောက် ပို့ဆောင်နေတဲ့ ကားတန်းဖြစ်တယ်လို့လည်း သိရပါတယ်။

နိုဝင်ဘာလ ၂၅ ရက်နေ့ကလည်း စစ်ကိုင်းမှမုံရွာကိုသွားတဲ့ စစ်ကောင်စီယာဉ်တန်းနဲ့ မြင်းမူမြို့နယ်အတွင်း လှည့်နေတဲ့ ခြေလျင်စစ်ကြောင်းတို့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

စစ်ကောင်စီယာဉ် ၁၅ စီးအနက် ၁ စီး ပွိုင့်တည့်တည့်မှာ မိုင်းထိမှန်ပြီး တိမ်မှောက်ခဲ့ကာ စစ်ကောင်စီတပ်သား ၆ ဦးလောက် သေဆုံးခဲ့တယ်လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့ တပ်ဖွဲ့ (PAFD) ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်တဦးက ပြောပါတယ်။

“ကားက အရှေ့ရောက်သွားပြီး လမ်းဘေးထိုးအကျမှာ မှောက်သွားတာ။ စစ်ကောင်စီဘက်က ခြောက်ယောက်လောက်သေတယ်လို့ သတင်းရတယ်။” 

တိမ်းမှောက်နေတဲ့ကားကို ခြေလျင်လုံခြုံရေးလာပေးတဲ့ မြင်းမူမြို့က စစ်ကောင်စီတပ်သားတွေကိုလည်း ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် ၅ ဦး သေဆုံးခဲ့တယ်လို့ သိဆိုပါတယ်။

ပျက်စီးသွားတဲ့ကားနဲ့ ထိခိုက်သေဆုံးတဲ့ စစ်ကောင်စီတပ်သားတွေကို မုံရွာဘက်က သံဂျပ်ကာကားနှစ်စီး၊ စစ်ကောင်စီတပ်သား အင်အား ၁ဝဝ လောက်က လုံခြုံရေးယူပြီး နိုဝင်ဘာ ၂၆ရက် မနက် ၇ နာရီကျော်လောက် မုံရွာဘက်သယ်သွားတယ်လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့ တပ်ဖွဲ့ (PAFD) က ထုတ်ပြန်ထားပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုဖြစ်စဉ်တွေကြောင့် ထိခိုက်ကျဆုံးမှုအခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013