Home
မြန်မာသတင်း
မောင်တောခရိုင်ထွေ/အုပ်ရုံးစာရေး ၁ ဦး ဖမ်းဆီးခံရ
DVB
·
November 27, 2022
317291760_873621470326914_1691906056915195048_n

ရခိုင်ပြည်နယ် မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးစာရေး တယောက်ကို နိုဝင်ဘာ ၂၆ ရက် မနက်ပိုင်းမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ပြီး မြို့ထဲရှိ လူနေအိမ်တချို့ကိုလည်း ဝင်ရောက် စစ်ဆေးခဲ့တယ်လို့ မောင်တောဒေသခံတွေက ပြောပါတယ်။

မျက်မြင်ဒေသခံတဦးက​ "ခရိုင်ရဲမှူး ကိုယ်တိုင်ဦးစီးပြီး ရဲတပ်ဖွဲဝင် ၂၀ ကျော်လောက်နဲ့ မနက် ၇ နာရီကျော်မှာ သူနေ့အိမ်ကို ဝိုင်းပြီး ဖမ်းသွားတာ။ ဘာကြောင့် ဖမ်းလဲတော့ မသိဘူး။ ဖမ်းခံရတဲ့သူက ခရိုင်ထွေ/အုပ် စာရေးပါ" လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူဟာ အမှတ် ၃ ရပ်ကွက်၊ မြို့ဦးရွာနေ ကိုစိုးသီဟအောင် ဖြစ်တယ်လို့ သိရပါတယ်။

မောင်တောခရိုင်ရဲတပ်ဖွဲ့ ဒုရဲမှူး ကိုကိုလေး ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ တချိန်တည်းမှာ အမှတ် ၄ ရပ်ကွက်၊ ရွာသစ်ရွာနေ ဦးထွန်းလှချရဲ့နေအိမ်ကို  ဝင်ရောက်ကာ သားဖြစ်သူ ကိုသားညီကိုလည်း ရှာဖွေခဲ့တယ်လို့ မျက်မြင်ဒေသခံတဦးက ပြောပါတယ်။

"အိမ်ကို ဝင်ရောက်စီးနင်း ရှာဖွေတာ။ လူကိုတော့ မတွေ့သွားကြဘူး။ ဘယ်လိုကြောင့် လိုက်ရှာလဲတော့ မသိဘူး။”

လက်ရှိအခြေအနေအရ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်က မြို့နယ်အားလုံးမှာ ရက္ခိုင်တပ်တော် အေအေ နဲ့ ဆက်စပ်သူတွေ၊ ထောက်ပံ့ပေးသူတွေကို အထူးစစ်ဆေးဖော်ထုတ်ဖမ်းဆီးနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024