DVB Logo
Home
မြန်မာသတင်း
ပုလောတွင် စစ်ကောင်စီ ခြေလျင်တပ်ရင်းနှင့်တပ်စခန်းတခုကို PDF အဖွဲ့ တိုက်ခိုက်
DVB
·
November 26, 2022
ပုလောတွင် စစ်ကောင်စီ ခြေလျင်တပ်ရင်းနှင့်တပ်စခန်းတခုကို PDF အဖွဲ့ တိုက်ခိုက်
Donate to DVB

တနင်္သာရီတိုင်း ပုလောမြို့အခြေစိုက်  ခလရ ၂၈၅ နဲ့ ပုလောမြို့အနီး နန်းတောင်ကျေးရွာမှာ တပ်စွဲ ထားတဲ့ တပ်စခန်းတို့ကို နိုဝင်ဘာ ၂၅ ရက်နေ့ ည ၇ နာရီခွဲလောက်မှာ တပြိုင်တည်း သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ပြောပါတယ်။

ခလရ ၂၈၅ ကိုတော့ RPG၊ ၄၀ မမ ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ် ကလည်း လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပူရိယက္ခညီနောင်စစ်ကြောင်း တာဝန်ရှိသူတဦးက “ခလရ ၂၈၅ ကို RPG တလုံး၊ ၄၀ မမ ဗုံးသီး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နန်းတောင်ကျေးရွာ စစ်ကောင်စီတပ်စခန်းမှာတော့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်” လို့ ပြောပါတယ်။

ခလရ ၂၈၅ ကို တိုက်ခိုက်တာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။

နန်းတောင်ကျေးရွာက တပ်စခန်းကို တိုက်ခိုက်တာကတော့ စတုတ္ထအကြိမ်ဖြစ်ပြီး စစ်ကောင်စီ တပ်က အသာစီးရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေဘက်ကတော့ ထိခိုက်မှု မရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းထဲမှာ ၂၀၂၁ ခု ဧပြီကနေ ၂၀၂၂ ခုနှစ် စက်တင်ဘာလအကုန်အထိ စစ်ကောင်စီ တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား  တိုက်ပွဲ ၁၇၅ ကြိမ်ဖြစ်ပွားခဲ့ကာ ပုလောမြို့နယ်ထဲ မှာတော့ ၃၈ ကြိမ်နဲ့ တိုက်ပွဲအများဆုံးဖြစ်ခဲ့တယ်လို့ သုတေသနအဖွဲ့အစည်းတခုဖြစ်တဲ့ Southern Monitor အဖွဲ့က သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013