DVB Logo
Home
မြန်မာသတင်း
မူဆယ် ပန်းခမ်းဂိတ်တွင် စစ်ကောင်စီတပ်က ငွေတောင်းနေသဖြင့် ဒေသခံများ အခက်တွေ့
DVB
·
November 26, 2022
မူဆယ် ပန်းခမ်းဂိတ်တွင် စစ်ကောင်စီတပ်က ငွေတောင်းနေသဖြင့် ဒေသခံများ အခက်တွေ့
Donate to DVB

မြန်မာ- တရုတ်နှစ်နယ်စပ် မူဆယ်- နမ့်ခမ်းလမ်းပေါ်က ပန်းခမ်းတံတားဂိတ်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက မှတ်ပုံတင်မပါတဲ့ ခရီးသည်တွေကို မြန်မာကျပ်ငွေ ခြောက်သောင်းကနေ တရုတ် ယွမ်ငွေ ငါးရာ (ကျပ်နှစ်သိန်းကျော်) ထိ အဓမ္မတောင်းခံနေတာကြောင့် ခရီးသွားပြည်သူတွေနဲ့ ယာဉ်လိုင်းပြေးဆွဲနေသူတွေ အခက်တွေ့နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ပန်ခမ်းတံတားရဲ့ တဖက်မှာက ရဲဂိတ်၊ တဖက်မှာက စစ်တပ်ဂိတ်ထိုင်ထားတယ်။ စစ်တပ်လက်အောက်ခံပြည်သူ့စစ်အဖွဲ့လည်း ရှိတယ်။ မူဆယ်ကနေ နမ့်ခမ်းသွားသွား နမ့်ခမ်းကနေ မူဆယ်လာလာ မှတ်ပုံတင်စစ်လို့ မပါရင်တော့ ရဲဂိတ်ကို သုံးသောင်း၊ စစ် တပ်ဂိတ်မှာလည်း သုံးသောင်းပေးရတယ်။ တရုတ်ဆိုရင်တော့ ယွမ်သုံးရာကနေ ငါးရာအထိ တောင်းတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

အာဏမသိမ်းခင်က မူဆယ်- နမ့်ခမ်းလိုင်းကားပြေးစွဲနေတဲ့ ကားလေးစီးခဟာ တဦးကို ၂၅၀၀ ကျပ်သာရှိခဲ့ပေမဲ့ အခုလက်ရှိမှာတော့ စက်သုံးဆီနဲ့ ကုန်ဈေးနှုန်း ကြီး မြင့်လာမှုကြောင့် ယာဉ်စီးခဟာ တဦးကို ၁၅၀၀၀ ကျပ်ထိဖြစ်လာခဲ့ပါတယ်။ 

မူဆယ်နဲ့ နမ်းခမ်းမှာရှိတဲ့ တရုတ်နယ်စပ်ဂိတ်တွေပိတ်ထားလို့ ခရီးသည်နည်းပါးနေချိန် အခုလို စစ်ကောင်စီဂိတ်တွေက ဒေသအတွင်းခရီးသည်တွေကို မှတ်ပုံတင်မပါလို့ဆိုပြီး ငွေကြေးအဆမတန် တောင်းယူနေတာဟာ ယာဉ်လိုင်းပြေးဆွဲနေ သူတွေအတွက်လည်း အခက်အခဲဖြစ်စေတယ်လို့ မူဆယ်-နမ့်ခမ်းယာဉ်လိုင်းပြေးဆွဲနေသူတဦးက ပြောပါတယ်။

“ကိုးဗစ်စဖြစ်ကတည်းက တရုတ်ဘက်က နယ်စပ်ဂိတ်တွေပိတ်ထားလို့ ခရီးသည်ကမရှိ ကားတွေက နားထားရတယ်။ အခု အသွားအလာလေး ရှိလာပြန်တော့လည်း ပန်ခမ်းဂိတ်က ခရီးသည်တွေကို မှတ်ပုံတင်မပါတာ အကြောင်းပြပြီး ငွေအဆမတန် တောင်းနေတော့ ကျနော်တို့ ကားဆရာတွေလည်း ထိခိုက်မှုရှိတာပေါ့ဗျာ။ ပြောရဆိုရ ရှင်းရပြုရတာ စိတ်ဒုက္ခရောက်တာပေါ့ ဗျာ။” 

ပန်ခမ်းတံတားမှာ စစ်တပ်၊ ရဲနဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ စခန်းထိုင်နေပြီး မှတ်ပုံတင်မပါတဲ့ ခရီးသည်တွေအပြင် ကုန်တင်ယာဉ်ကိုလည်း ကုန်ပစ္စည်းအမျိုးအစားနဲ့ တန်ဖိုးအပေါ်မူတည်ပြီး အနည်းဆုံး ကျပ်ငွေ ၂ သောင်းကနေအထက် ငွေကြေးကောက်ခံနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013