DVB Logo
Home
မြန်မာသတင်း
စစ်တွေ၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အကြိုပွဲ ကျင်းပ (ဓာတ်ပုံ)
DVB
·
November 25, 2022
စစ်တွေ၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အကြိုပွဲ ကျင်းပ (ဓာတ်ပုံ)
1 / 12
Donate to DVB

လာမယ့် ဒီဇင်ဘာ ၃ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ စစ်တွေမြို့၊ ဓညဝတီအားကစားကွင်းမှာ နိုဝင်ဘာ ၂၅ ရက် မနက်က ပထမဆုံးအကြိမ် ကျင်းပခဲ့​တယ်လို့ စစ်ကောင်စီလက်အောက်ခံ အားကစားနဲ့ ကာယပညာဦးစီးဌာနက သိရပါတယ်။

မီတာ ၅၀ အပြေးပြိုင်ပွဲ (ကျား/မ)၊ ကွမ်းသီးကောက်ပြိုင်ပွဲ (ကျား/မ)၊ အပ်ချည်ထိုးပြိုင်ပွဲ (ကျား/မ) တွေ ကျင်းပခဲ့ကြပြီး  စစ်တွေမြို့နယ်တခုလုံးက မသန်စွမ်း အမျိုးသား၊ အမျိုးသမီး အယောက် ၃၀ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတယ်လို့ အား/ကာတာဝန်ရှိသူတဦးက ပြောပါတယ်။

အရင်နှစ်တွေက အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ အထိမ်းအမှတ်နေ့အဖြစ် ဒီဇင်ဘာ ၃ ရက်နေ့ရောက်တိုင်း စစ်တွေမြို့၊ ဦးဥတ္တမခန်းမမှာ ပန်းချီပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲတွေ ပြုလုပ်ပေးခဲ့ပြီး အခုလို အားကစားပြိုင်ပွဲတွေကို အခုနှစ်မှာ ပထမဦးဆုံးအကြိမ် ပြုလုပ်ရတာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် မသန်စွမ်းသူများအသင်း တာဝန်ရှိတွေက ပြောပါတယ်။

“အရင်နှစ်တွေကတော့ အားကစားပြိုင်ပွဲတွေ မကျင်းပနိုင်ခဲ့ဘူးဗျ။ ပန်းချီပြိုင်ပွဲနဲ့ စစ်တုရင်ပြိုင်လောက်ပွဲ ပြုလုပ်နိုင်ခဲ့ကြတယ်။ ဒီနှစ်မှာမှ အားကစားပြိုင်ပွဲတွေ ပထမဆုံးအကြိမ် ပါဝင်ကျင်းပတာပါ။”

ရခိုင်ပြည်နယ်မှာ ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ မသန်စွမ်းသူဦးရေ ၅၀၅,၅၀၃ ရှိပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ တကျော့ပြန် တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးကျည်ထိမှန်မှုနဲ့ မိုင်းပေါက်ကွဲမှုတွေကြောင့် အရပ်သားတွေ သေဆုံးတာ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးရသူတွေ များလာလို့ မသန်စွမ်းဦးရေ တိုးလာကြောင်း ရခိုင်ပြည်နယ် မသန်စွမ်းသူများအသင်းမှ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013