DVB Logo
Home
မြန်မာသတင်း
ထားဝယ်တွင် အချိန်အခါမဟုတ်မိုးကြောင့် လယ်သမားများ စပါးရိတ်သိမ်းရန် အခက်ကြုံ
DVB
·
November 24, 2022
ထားဝယ်တွင် အချိန်အခါမဟုတ်မိုးကြောင့် လယ်သမားများ စပါးရိတ်သိမ်းရန် အခက်ကြုံ
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်ဒေသမှာ စပါးရိတ်သိမ်းတဲ့ကာလ နိုဝင်ဘာ တတိယပတ်လောက်ကစပြီး အခုထိ နေ့တိုင်းနီးပါး မိုးရွာနေတာကြောင့် လယ်သမားတွေ စပါးရိတ်သိမ်းဖို့ အခက်တွေ့နေကြပါတယ်။

အခုလို အချိန်အခါမဟုတ် မိုးရွာနေတာကြောင့် စပါးရိတ်စက်နဲ့ ရိတ်တဲ့သူတွေရော လက်နဲ့ရိတ်တဲ့သူတွေပါ အလုပ်လုပ်လို့မရဘဲ ရပ်နားထားရတာတွေ ရှိတယ်လို့ လယ်သမားတချို့က ပြောပါတယ်။

လောင်းလုံးဒေသခံ လယ်သမားတဦးက “စက်နဲ့ရိတ်လည်း စပါးက နေလှန်းရသေးတယ်။ မိုးရွာနေတော့ နေလှန်းလို့လည်းမရဘူး၊ ရိတ်လို့လည်း အဆင်မပြေဘူး။ လက်နဲ့ ရိတ်တဲ့သူတွေလည်း ကောက်လှိုင်းတွေပုံပြီး စပါးခြွေစက်ကို စောင့်ရသေးတာ။ မိုးရွာနေတော့ စပါးသီးလည်း တအားကြွေတယ်။ စက်တွေလည်း လယ်ထဲဆင်းရတာ တအားကြန့်ကြာတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်၊ ရေဖြူမြို့နယ်နဲ့ ထားဝယ်မြို့နယ်တွေက လယ်သမားတွေဟာ စပါးကို အများဆုံး စိုက်ပျိုးကြတာဖြစ်ပြီး အရင်နှစ်တွေကလည်း စပါးရိတ်သိမ်းချိန် မိုးရွာတာတွေရှိခဲ့ပေမဲ့ အခုလို ဆက်တိုက်ရွာတာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။

လယ်သမားတဦးက “မိုးထိထားရင် စပါးက သေချာ နေပြန်လှန်းမှရတယ်။ မဟုတ်ရင် မှိုတက်တာတွေ ရောင်းတဲ့အခါ စျေးနှိမ်ခံရတာတွေ ရှိတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကတော့ တနင်္သာရီတိုင်းဒေသကြီးမှာ နောက်ထပ် အနည်းဆုံး နှစ်ရက်အထိ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013