DVB Logo
Home
မြန်မာသတင်း
တနင်္သာရီ၌ စစ်တပ်နှင့် ပျူစောထီးများ စစ်ကြောင်းထိုးလာသဖြင့် ရွာသားများထွက်ပြေး
DVB
·
November 24, 2022
တနင်္သာရီ၌ စစ်တပ်နှင့် ပျူစောထီးများ စစ်ကြောင်းထိုးလာသဖြင့် ရွာသားများထွက်ပြေး
Donate to DVB

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတပ် ပူးပေါင်းအင်အား ၁၀၀ ကျော် နိုဝင်ဘာ ၂၃ ရက် မနက် ၁၀ နာရီလောက်က စစ်ကြောင်းထိုး တက်လာတဲ့အတွက် ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့အတူ လိုက်ပါလာတဲ့ ပျူစောထီးတွေတပ်တွေဟာ ပဲယာရွာ၊ ညောင်ဘီရွာ၊ ပန်းဇင်ရွာ၊ မောင်းလှော်ရွာ၊ ရတောင်ရွာ၊ မင်းဂုတ်ရွာတို့က လာတာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“မနေ့ ၂၃ ရက်နေ့က စစ်ကြောင်းထိုးလာတာပေါ့ဗျ။ လယ်သစ်ရွာဘက်ကို အဓိက စစ်ကြောင်းထိုးလာတာလို့တော့ သိရတယ်။ ဒီနေ့ ၂၄ ရက်နေ့ ‌‌မနက်ပိုင်းမှာ သိရတာတော့ ဝါရစ်ကရင်ရွာကို ကျော်ပြီးတော့ လယ်သစ်နယ်မြေ ကျောက်ကစွန်တောင်နားမှာ ရောက်နေတယ်လို့ သိရတယ်။ ပြည်သူ့ကာကွယ်ရေးတပ်နဲ့တော့ ထိပ်တိုက်မတိုးသေးဘူးဗျ။ အဲ့ဒီ ကျောက်ကစွန်တောင်ခြေနားမှာ ပျောက်နေတယ်တော့ ကြားတယ်။”

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် လယ်သစ်ရွာရှိ ဒေသခံအများအပြား ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ကျေးရွာနေ ပြည်သူတဦးက ပြောပါတယ်။

“လယ်သစ်အနောက်မှာတော့ ရွာသားတွေ ထွက်ပြေးကုန်ကြပြီ။ နီးစပ်ရာရွာတွေမှာ ရှောင်နေရတယ်။ ရွာမှာ လူတွေမရှိသလောက် ဖြစ်နေပြီ။ အိမ်ခြေ ၄ဝဝ နီးပါး ထွက်ပြေး တိမ်းရှောင်နေရတယ်။ အဓိကတော့ စစ်ကောင်စီတပ်တွေကို ကြောက်လို့ပဲဗျ။ ရှောင်ပြေးနေရတာတော့ အကြိမ်ရေ မနည်းတော့ဘူး။”

အဆိုပါဒေသမှာ အရင်ကလည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ရွာသားတွေ ထွက်ပြေးတိမ်းရှောင်ရာကနေ နေရပ်ကို ပြန်လည်ရောက်ရှိလာတာ ၂ လဝန်းကျင်လောက်ပဲ ရှိသေးကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013