
ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း၊ ကန်ကျနပူရီခရိုင်ထဲမှာ နိုဝင်ဘာ ၂၃ ရက် ညက တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၇ ဦး ဖမ်းဆီးခံရတယ်လို့ ကန်ကျနပူရီဒေသတွင်း သတင်းအရ သိရပါတယ်။
နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ နယ်မြေခံစစ်တပ် ပူးပေါင်းအဖွဲ့ဟာ မနေ့ညက ဆန်ခလပူရီမြို့နယ်ထဲမှာ လုံခြုံရေးဆောင်ရွက်စဉ် နောင်လူးအုပ်စု ရပ်ကွက် ၈ ဝပ်နမ့်ကလင် ဘုန်းကြီးကျောင်းနောက်ဘက် လမ်းကြားထဲ မောင်းလာတဲ့ ဟိုင်းလပ်ကားတစီးပေါ်ကနေ တရားမဝင် ဝင်လာသူတွေ ဖမ်းမိတာလို့ ဆိုပါတယ်။
ကားပေါ်မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသား ၇ ဦး၊ အမျိုးသမီး ၁၀ ဦး ပါရှိပြီး ယာဉ်မောင်း ၁ ဦးပါ လမ်းပြအနေနဲ့ အဖမ်းခံရပါတယ်။ သူတို့အားလုံးကို လ.ဝ.က ဥပဒေနဲ့ အရေးယူဖို့ သက်ဆိုင်ရာ နယ်မြေရဲစခန်းကို ပို့ဆောင်ထားတယ်လို့ ကန်ကျနပူရီသတင်းမှာ ဖော်ပြပါတယ်။