DVB Logo
Home
မြန်မာသတင်း
ဟုမ္မလင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၃၀ ကျော်သေ၊ လက်နက်ခဲယမ်းများသိမ်းဆည်းရမိ
DVB
·
November 24, 2022
ဟုမ္မလင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၃၀ ကျော်သေ၊ လက်နက်ခဲယမ်းများသိမ်းဆည်းရမိ
Donate to DVB

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ပင်ခုတ်ကျေးရွာကို စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားတပ်(SNA)ပူးပေါင်းတပ်တွေဟာ နိုဝင်ဘာ ၁၁ ရက်ကစတင်ပြီး ထိုးစစ်ဆင်လာတာကြောင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲ (၃) ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၃၀ ကျော်သေဆုံးပြီး PDF  တပ်တွေက နနန်းနယ်မြေ ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ကာ လက်နက်ခဲယမ်း အမြောက်အများလည်း သိမ်းဆည်းမိခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်(ဟုမ္မလင်း)ရဲ့ တာဝန်ရှိသူက“ပင်ခုတ်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃၀ ကျော်သေတယ်။ နနန်းနယ်မြေရဲစခန်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က အလောင်း နှစ်လောင်းကို ကျနော်တို့တွေ့တယ်။ ပုရစ်ဖာနိုင်းမစ်ရှင်ကတော့ သူတို့ ၇ ယောက်သေတယ်လို့သိရတယ်။ နနန်းတိုက်ပွဲမှာက စက်လက်တစ်လက်နဲ့ ဂျီသရီး ဂျီဖိုး ရိုက်ဖယ်တစ်လက်ရယ် ဆက်သွယ်ရေးစက်တွေရရှိတယ်။ ပုရစ်ဖာနိုင်းတိုက်ပွဲမှာက အမ်တူးကာ ဘိုင် ၂၇ လက် ကျည်ဆန်ကတော့ အားလုံး ၂၀၀၀ ကျော်ရရှိပါတယ်။”လို့ပြောပါတယ်။

 ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်တွေကို ပစ်ခတ်မှု မလုပ်ချင်တဲ့အကြောင်းနဲ့ အဓိက စစ်ရေးပစ်မှတ်ဟာ စစ်ကောင်စီတပ်တွေသာဖြစ်တယ်လို့လည်း   ဒေသခံပြည်သူ့ကာကွယ်ရေးတပ် ဘက်က ပြောပါတယ်။

ဟုမ္မလင်း PDFတာဝန်ရှိသူက“ဒီမှာပြောချင်တာက SNA ရှမ်းနီတပ်ဟာ စစ်ကောင်စီနဲ့ ပူးပေါင်း နေလို့ ထိပ်တိုက်တွေ့ရတယ်ဖြစ်တယ်။ ကျနော်တို့ ရဲ့ စစ်ရေးပစ်မှတ်က ရှမ်းနီအမျိုးသားများတပ်မတော် SNA မ ဟုတ်ဘူး အကြမ်း ဖက်စစ်ကောင်စီဖြစ်တယ်။ လူမျိုးအချင်းချင်းပြန်တာမျိုးမဖြစ်ချင်ဘူး။ ဒီတော့ SNA အနေနဲ့ NUG နဲ့ လမ်း ကြောင်းတစ်ခု ဖွင့်ပြီးဆွေးနွေးစေချင်တယ်။” လို့ ဆိုပါတယ်။

ခန္တီးခရိုင်အတွင်မှာရှိတဲ့ PDF တပ်ရင်းတွေဟာ ဒေသခံ ရှမ်းနီတိုင်းရင်းသားတွေနဲ့ အများဆုံးစုဖွဲ့ထားတာဖြစ်ပေမယ့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန အောက်ကဖြစ်တာကြောင့် ဘာသာရေး၊ လူမျိုးရေးကို အခြေခံဘဲ စစ်မှန် တဲ့ ဖဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်လာရေးအတွက် တစိုက်မတ်မတ်ဆောင်ရွက်နေ တယ်လို့လည်း ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရှမ်းနီတိုင်းရင်းသားတစ်ဦးက “ရှမ်နီးလူထုဟာလည်း တခြားတိုင်းရင်းသားတွေလိုပဲ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်လိုတဲ့ ရည်မှန်းချက်အာသီသ ပြင်းပြတယ်လို့ သိရပါတယ်။ အခုကျနော်တို့ သွားနေတာကလည်း စစ်မှန်တဲ့ ရှမ်းနီလူထုတွေ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလမ်းကြောင်းပဲဖြစ်တယ်။ ရှမ်းနီးလူထုနဲ့ လမ်းချင်းအတူတူပဲ” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ပင်ခုတ်ရွာက နေအိမ် ၂ လုံးပျက်စီးပြီး လူနာတင်ကား ၁ စီး ပျက်စီးကာ အသက် ၅၀ အရွယ်အမျိုးသမီးတစ်ဦး နှလုံးရပ်သေဆုံးခဲ့တယ်လို့ ဟုမ္မလင်းPDFထုတ်ပြန်ထားပါတယ်။

SNA ရှမ်းနီအမျိုးသားတပ်ဟာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းနေတယ်လို့ မျက်မြင်သက်သေတွေက ပြောဆိုတဲ့အပေါ် SNA ရဲ့ တာဝန်ရှိသူ ဗိုလ်မှူးကြီးစိုင်းအောင်မိန်းက မီဒီယာတွေကို ငြင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013