DVB Logo
Home
မြန်မာသတင်း
ရွှေဘိုခရိုင်ရှိ နေအိမ်မီးရှို့ဖျက်ဆီးခံရသည့် ပြည်သူများ စောင်နှင့်အနွေးထည် အရေးပေါ်လိုအပ်နေ
DVB
·
November 24, 2022
ရွှေဘိုခရိုင်ရှိ နေအိမ်မီးရှို့ဖျက်ဆီးခံရသည့် ပြည်သူများ စောင်နှင့်အနွေးထည် အရေးပေါ်လိုအပ်နေ
1 / 5
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ်တွေ ဆုံးရှုံးခဲ့ရတဲ့ ပြည်သူ နှစ်ထောင်ကျော် နေစရာ အခတ်အခဲရှိနေပြီး စောင်နဲ့ အနွေးထည်တွေ အရေးပေါ်လိုအပ်နေတယ်လို့ S&C မီးဘေး၊ စစ်ဘေး ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ဆီ သိရပါတယ်။

အဆိုပါ ကျေးရွာကို ပြီးခဲ့တဲ့ ဩဂုတ် ပထမပတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ရှိတယ် အထင်နဲ့ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး အိမ်ခြေ ၇၀၀ နီးပါး မီးလောင်ပျက်စီးကာ လူဦးရေ နှစ်ထောင်ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာပါ။

S&C မှ တာဝန်ရှိသူက “အတော်ဆိုးဆိုးဝါးဝါးဖြစ်ထားတော့ သူတို့အရမ်းကြောက်နေကြတာ။ ရွာမှာကအိမ်ခြေ ၁၀၀၀ ကျော်ရှိတယ်။ အိမ်ခြေ ၆၀၀ နီးပါးက မီးထဲပါသွားတာ။ လက်နှီးစုတ်တောင်မကျန် မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့အထိ ဖြစ်သွားခဲ့တာပါ။ အခု အိမ်တအိမ်ကို ၂ သိန်းနဲ့ အလှူခံပြီးပြန်ဆောက်ပေးနေတယ်။ လောလောဆယ်အိမ်ခြေ ၅၀ ပြီးပြီ။ တိုက်တွေ ကားတွေနဲ့ နေခဲ့သူတွေက ခုချိန်မှာ ၂ သိန်းတန် ထန်းရွက်မိုး ဝါးထရံကာ အိမ်တလုံးထဲမှာ စုပေါင်းနေထိုင်နေကြရတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။

မီးဘေးသင့် ပြည်သူများလိုအပ်နေတဲ့ နေစရာအတွက် S&C အဖွဲ့က အိမ်တလုံး ကျပ် ၂ သိန်းနှုန်းနဲ့ နေအိမ် ၅၀ ဆောက်ပေးထားနိုင်ပြီး အိမ်ခြေ ၅၀၀ ကျော်ကို ဆက်လက်ဆောက်ပေးနိုင်ဖို့ ငွေကြေးလိုအပ်နေသလို ဆောင်းတွင်းကာလ ဖြစ်တာကြောင့် စောင်နဲ့ အနွေးထည်တွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

မီးဘေးသင့်ပြည်သူတွေကို ထောက်ပံ့လှူဒါန်းလိုသူများအနေနဲ့ S&C မီးဘေးစစ်ဘေး ပညာရေး စောင့်ရှောက်ရေးအဖွဲ့ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ် page မှာ အသေးစိတ်အချက်အလက်တွေကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013