DVB Logo
Home
စီးပွားရေး
ကုမ္ပဏီ ၁၀၀ ကျော်ပါတဲ့ ကားပြပွဲ ကျင်းပမည်
DVB
·
May 14, 2014
ကုမ္ပဏီ ၁၀၀ ကျော်ပါတဲ့ ကားပြပွဲ ကျင်းပမည်
Donate to DVB

ကားတင်သွင်းပြီး ပြခန်းဖွင့်လှစ်ထားတဲ့ ကုမ္ပဏီ ၁၀၀ ကျော် စုပေါင်းပြီး modern living EXPO & Car Show လို့ နာမည်ပေးထားတဲ့ ကားပြပွဲကြီးတခုကို ရန်ကုန် ဦးဝိစာရလမ်း တပ်မတော်ခန်းမမှာ မေလ ၁၆ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ကျင်းပ ပြုလုပ်မယ်လို့ smart business group က သတင်းထုတ်ပြန်ပါတယ်။

[caption id="attachment_47198" align="alignright" width="300"]ရန်ကုန်မြို့တွင် ကျင်းပတဲ့ ကားအရောင်းပြခန်းတခုအား တွေ့မြင်ရစဉ် ရန်ကုန်မြို့တွင် ကျင်းပတဲ့ ကားအရောင်းပြခန်းတခုအား တွေ့မြင်ရစဉ်[/caption]

ပြပွဲမှာ ကားအရောင်းပြခန်းတွေ၊ ကားအလှဆင် ပစ္စည်းရောင်းချတဲ့ ပြခန်းတွေ၊ ကားတင်သွင်းနေတဲ့ ကိုယ်စားလှယ် ပြခန်းတွေ၊ စက်ဆီနဲ့ ချောဆီ ဆိုင်ပြခန်းတွေ၊ ကားအော်ဒီယို ပြခန်းတွေ စသဖြင့် စုံလင်အောင် ပါဝင်မယ်လို့ သိရပါတယ်။

လက်ရှိအချိန် အစိုးရဟာ ကားနဲ့ ပတ်သက်ပြီး အခွန်နှုန်းထား လျှော့ပေါ့ ကောက်ခံနေတာကြောင့် ကားဈေး အနည်းငယ် ကျဆင်းလာပြီး ဈေးသက်သာတဲ့ ကားအ၀ယ်လိုက်နေတဲ့ ကာလ လည်းဖြစ်တယ်လို့ ကားပွဲစားတွေက ပြောပြကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013