DVB Logo
Home
မြန်မာသတင်း
ပလက်ဝတွင် အုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ဦးအား စစ်ကောင်စီ ထောင်ဒဏ် ၃ နှစ်စီချ
DVB
·
November 23, 2022
ပလက်ဝတွင် အုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ဦးအား စစ်ကောင်စီ ထောင်ဒဏ် ၃ နှစ်စီချ
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့ မြို့မရပ်ကွက်က ရာအိမ်မှူးတယောက်နဲ့ ဆယ်အိမ်မှူးတယောက်တို့ကို ရက္ခိုင့်တပ်တော် (အေအေ) အတွက်ငွေကြေးထောက်ပံ့တယ်လို့ စွပ်စွပ်ပြီး စစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ တရားစွဲကာ နိုဝင်ဘာ ၂၁ ရက်နေ့မှာ ပလက်ဝမြို့နယ် တရားရုံးက ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ထောင်ဒဏ်ချမှတ်ခံရသူတွေကတော့ ပလက်ဝမြို့ မြို့မရပ်ကွက်က ရာအိမ်မှူး ဦးမောင်ဝင်းနဲ့ ဆယ်အိမ်မှူး ဦးမောင်မဲကျော့တို့ ဖြစ်ပါတယ်။

မိသားစုနဲ့ နီးစပ်သူတဦးက“ သူတို့နှစ်ဦးလုံးက ရပ်ကွက်ထဲမှာ ရိုးရိုးသားသား လုပ်စားနေကြတာ ဖြစ်တယ်။ တရားရင်ဆိုင်နေတုန်းမှာလည်း ငွေကြေးမတတ်နိုင်ကြလို့ ရှေ့နေတွေတောင် မငှားနိုင်ခဲ့ကြဘူး။”လို့ပြောပါတယ်။

ဦးမောင်ဝင်းနဲ့ ဦးမောင်မဲ့ကျောတို့ကို ဇွန်လကတည်းက စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ခမရ ၂၈၉ တပ်ရင်းက ဗိုလ်ကြီးထွန်းထွန်းနိုင်က တရားလိုလုပ်ကာ ၅ လကျော်ကြာ တရားရင်ဆိုင်ခဲ့ရပြီးနောက် ထောင်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ အေအေတို့ တိုက်ပွဲပြင်းထန်လာပြီးနောက် စစ်ကောင်စီက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ လူမှုရေးတက်ကြွလှုပ်ရှားသူ၊ စီးပွားရေးသမားတွေနဲ့ အရပ်သားရာချီ ဖမ်းဆီးထားပြီး ဥပဒေအမျိုးအမျိုးတပ်ကာ တရားစွဲဆိုထားတာတွေ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013