DVB Logo
Home
မြန်မာသတင်း
ကယန်းနှစ်သစ်ကူးပွဲတော် ပြည်တွင်းပြည်ပတွင် ကျင်းပ (ဓာတ်ပုံ)
DVB
·
November 23, 2022
ကယန်းနှစ်သစ်ကူးပွဲတော် ပြည်တွင်းပြည်ပတွင် ကျင်းပ (ဓာတ်ပုံ)
1 / 18
Donate to DVB

နိုဝင်ဘာ ၂၃ ရက်မှာ ကျရောက်တဲ့  ကယန်းနှစ်သစ်ကူးနေ့ပွဲတော်ကို ကယန်းတိုင်းရင်းသားတွေ အများစုနေထိုင်တဲ့ ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်ထဲက ကျေးရွာတွေနဲ့  မြန်မာ-ထိုင်းနယ်စပ်က နေရာတော်တော်များများမှာ ကျင်းပပါတယ်။

ကယန်းနှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ဒီးမော့ဆိုမြို့နယ်နဲ့ ဖယ်ခုံမြို့နယ်အတွင်းက ကယန်းအများစုနေထိုင်ရာ ကျေးရွာတွေမှာ ကိုယ်ထူကိုယ်ထစနစ်နဲ့ကျင်းပနေသလို စစ်ရှောင်စခန်းတွေနဲ့ ထိုင်းနယ်စစ်ဒုက္ခသည် စခန်းတွေမှာပါ ကျင်းပကြပါတယ်။

ပွဲတော်မှာ ကယန်းလူမျိုးတွေရဲ့ သမိုင်းကြောင်း ပြန်ပြောင်းပြောကြားတာ၊ အသင်းအဖွဲ့က ပေးပို့လာတဲ့ သဝဏ်လွှာတွေဖတ်ကြားတာအပြင် အားကစားနဲ့ အကတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေ  ကျင်းပကြပါတယ်။

နိုင်ငံတဝန်း အထွေထွေအကျပ်အတည်းရင်ဆိုင်နေရချိန်ကာလကို ဖြတ်သန်းစဉ်အတွင်း လူမျိုးပေါင်းစုံ သွေးစည်းချစ်ကြည်ရေးနဲ့အတူ လက်တွဲပြီး အကောင်းဆုံး ရင်ဆိုင် ကျော်လွှားနိုင်ပြီး သာယာဝပြောတဲ့ နှစ်သစ်ကူး အခါသမယ ဖြစ်စေဖို့ ကယန်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကယန်းပြည်သစ်ပါတီ နှစ်သစ် သဝဏ်လွှာပေးပို့ထားပါတယ်။

ကယန်းလူမျိုးတွေဟာ ကမ်းယံလူမျိုးကနေ ဆင်းသက်လာပြီး ကိုယ်ပိုင်ဓလေ့ထုံးတမ်း၊ ဘာသာစကားနဲ့ ရှင်သန်နေထိုင်တဲ့ လူမျိုးတမျိုးဖြစ်ကာ ကမ်းယံလူမျိုးတွေဟာ မြန်မာနိုင်ငံကို ဝင်ရောက်လာခဲ့တဲ့ ဘီစီ (၇၃၉)ကို စတင်ရေတွက်သတ်မှတ်ပြီး ဒီနှစ်မှာဆိုရင် ၂၇၆၂ ခုနှစ်တိုင် ပြည့် မြောက်လာခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013