Home
မြန်မာသတင်း
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ရပ်ကွက်ရုံးတခု ဗုံးပစ်ခံရ
DVB
·
November 22, 2022

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၆ လမ်းနဲ့ ၁၃၃ လမ်းထောင့်ရှိ (ဇ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို နိုဝင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီခွဲလောက်က ဗုံးနဲ့ပစ်ခံခဲ့ရပါတယ်။

ရပ်ကွက်ရုံး ဗုံးနဲ့ပစ်တာကို Anonymous Force MDY၊ Truth Keeping AMA၊  Mandalay Young Force အဖွဲ့က လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ပျူစောထီးအဖွဲ့ဝင်တဦး သေဆုံးခဲ့ပြီး နောက်ဆက်တွဲ ထိခိုက်မှု အခြေအနေတွေကို စုံစမ်းနေတုန်းဖြစ်တယ်လို့ Anonymous Force MDY က ဆိုပါတယ်။

စစ်ကောင်စီအသိုင်းအဝိုင်းမှာတော့ ဗုံးပေါက်ကွဲမှုကြောင့် လူ၊ အဆောက်အဦ ထိခိုက်ပျက်စီးတာ မရှိဘူးလို့ သတင်းလွှင့်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024