DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက မရမ်းကုန်းမြို့နယ်ရှိ လူနေအိမ်အချို့ကို ဖယ်ရှားခိုင်း
DVB
·
November 21, 2022
စစ်ကောင်စီက မရမ်းကုန်းမြို့နယ်ရှိ လူနေအိမ်အချို့ကို ဖယ်ရှားခိုင်း
1 / 7
Donate to DVB

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အမှတ် ၁ ရပ်ကွက် အားကစားကွင်းပတ်လည်မှာရှိတဲ့ လူနေအိမ်တွေကို ကျူးကျော်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီလက်အောက်ခံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနက နိုဝင်ဘာ ၂၁ ရက် နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ အကြောင်းကြားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေအိမ်ဖျက်ခံရတဲ့အထဲမှာ ပါဝင်တဲ့ ဒေသခံတဦးကတော့ “အန်တီတို့ဆို နေလာတာ နှစ် ၃၀ လောက်ရှိပြီ။ အရင် မူလပိုင်ရှင်ဆီကနေဝယ်ပြီး နေလာခဲ့တာပါ။ ခုတော့ ၃ ရက်အတွင်း အပြီးဖျက်ပေးဖို့ စာရောက်လာတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက အခုလိုဖယ်ရှားခိုင်းတဲ့ နေအိမ်တွေဟာ တချို့ဆိုရင် အရင်မူလပိုင်ရှင်ထံကနေ အခကြေးငွေပေးပြီး ဝယ်ယူနေထိုင်လာတာ နှစ် ၃၀ လောက်ရှိပြီလို့ ဆိုပါတယ်။ အခုလို ဖယ်ရှားခံရတဲ့အထဲမှာ ရိုးရိုးနေအိမ်တွေ အပါအဝင် အထပ်မြင့်အဆောက်အအုံတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ အဆိုပါရပ်ကွက်မှာ လူနေအိမ်ခြေ ၁၀၀ နီးပါးနဲ့ လူဦးရေ ၃၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ မြို့နယ်ထွေအုပ် အကြောင်းကြားစာထဲမှာတော့ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ (၁၃၃) အရ အမိန့်အမှတ် (၇/၂၀၂၂) နဲ့ ဖယ်ရှားရမယ်လို့ နိုဝင်ဘာ ၁၈ ရက်နေ့က အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

နေထိုင်သူတွေရဲ့ ကျူးကျော်အဆောက်အအုံတွေနဲ့ ပစ္စည်းတွေကို အမိန့်ထုတ်ပြန်တဲ့နေ့ကစပြီး နိုဝင်ဘာ ၂၁ ရက် နောက်ဆုံးထားပြီး ဖယ်ရှားပေးရမှာဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက လုပ်ထုံးလုပ်နည်းအရ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

အလားတူ နိုဝင်ဘာ ၁၉ ရက် မနက်ပိုင်းကလည်း အမှတ် ၃ ရပ်ကွက် ကံသာဇေယျုံကျောင်းလမ်းမှာ လူဦးရေ ၁,၀၀၀ နီးပါး နေထိုင်တဲ့ လူနေအိမ် ၁၅၀ ခန့်ကိုလည်း စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေနဲ့ စည်ပင်ဝန်ထမ်းတွေက မြေတူးစက် ဘူဒိုဇာတွေနဲ့ အင်အားသုံး ဖယ်ရှားခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013