DVB Logo
Home
မြန်မာသတင်း
တမူးမြို့တွင် စက်သုံးဆီပြတ်လပ်ပြီး ဒေသခံများ အခက်တွေ့
DVB
·
November 21, 2022
တမူးမြို့တွင် စက်သုံးဆီပြတ်လပ်ပြီး ဒေသခံများ အခက်တွေ့
Donate to DVB

အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့က စက်သုံးဆီဆိုင်ကြီးတွေမှာ စက်သုံးဆီ ပြတ်လတ်နေတာကြောင့် ဒေသခံတွေ အခက်တွေ့နေတယ်လို့ တမူးမြို့ခံတွေက ဒီဗွီဘီကို ပြောပါတယ်။

တမူးမြို့က ကောင်းသန့်နဲ့ ဝင်းဘုန်းမာန် စတဲ့ဆီဆိုင်ကြီးတွေမှာ စက်သုံးဆီ ပြတ်လတ်နေပြီး ရွှေမြို့တော်ဆီဆိုင်ကတော့ နိုဝင်ဘာ ၂၁ ရက် မနေ့မနက်ပိုင်းအထိ ရောင်းချပေးနေကာ ဒီဇယ်ဆီကိုတော့ ရောင်းချပေးခြင်းမရှိသေးဘူးလို့ တမူးဒေသခံ ကိုမင်းထင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

အောက်တိန်း ၉၂ ဓာတ်ဆီ တလီတာကို ကျပ် ၆,၀၀၀ ဝန်းကျင်အထိ ပေးနေရပြီး တဂါလံကို ၂၀,၀၀၀ ဝန်းကျင်ရှိတယ်လို့ သူကဆိုပါတယ်။ အခုလို စက်သုံးဆီပြတ်လတ်နေတာကြောင့် ဒေသခံတွေအနေနဲ့ ခရီးသွားလာရေးမှာ အခက်အခဲတွေနဲ့ ကြုံ‌တွေ့နေရသလို ရောင်းချပေးတဲ့ ဆီဆိုင်တွေမှာဆိုရင်လည်း တန်းစီပြီး တိုးဝှေ့ဝယ်ယူနေကြရတယ်လို့ သူကပြောပါတယ်။

ကလေး-ခါမ်းပတ်-တမူးလမ်းမကြီးကို နိုဝင်ဘာ ၁၂ ရက်ကစပြီး အသုံးမပြုကြဖို့ ဒေသခံကာကွယ်ရေးတပ်တွေက သတိပေးထုတ်ပြန်ထားပြီး နိုဝင်ဘာ ၂၀ ရက်နေ့မှာ နောက်ထပ် ရက်သတ္တတပတ် ထပ်တိုးသတ်မှတ်လိုက်ပါတယ်။ အခုလိုထုတ်ပြန်ရတာဟာ ဒေသတွင်း စစ်ရေးအခြေအနေတွေကြောင့် ဖြစ်တယ်လို့ ဆိုထားပါတယ်။

တမူးမြို့ကနေတက်လာတဲ့ စစ်ကောင်စီယာဉ်တန်း လက်ရှိ ကလေးမြို့ဘက် ဦးတည် ချီတက်လာနေပြီး ရုရှားထုတ်လက်နက်တွေကို အိန္ဒိယနိုင်ငံကနေတဆင့် သယ်ဆောင်လာတာဖြစ်တယ်လို့ မီဇိုရမ်ကျောင်းသားသမဂ္ဂအသင်းက ထုတ်ပြန်ထားပြီး အိန္ဒိယအစိုးရကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ရေးသားထားပါသေးတယ်။

အိန္ဒိယ-မြန်မာနယ်စပ် နှစ်နိုင်ငံနယ်စပ်ဂိတ်ကိုလည်း အိန္ဒိယအစိုးရက နိုဝင်ဘာ ၁၅ ရက်ကစပြီး ပိတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013