DVB Logo
Home
မြန်မာသတင်း
ဖလမ်းတိုက်ပွဲတွင် CNDF စနိုက်ပါလက်ချက်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေ
DVB
·
November 21, 2022
ဖလမ်းတိုက်ပွဲတွင် CNDF စနိုက်ပါလက်ချက်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေ
Donate to DVB

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ သီးဘွာလ်စခန်းတိုက်ပွဲ ရှေ့တန်းစစ်မြေပြင်အတွင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က စနိုက်ပါသေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသွားတယ်လို့ CNDF က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၀ ရက် မနက် ၁၁ နာရီခွဲလောက်မှာ CNDF လက်ဖြောင့်တပ်သားတွေက ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်သား ၂ ဦး နေရာမှာတင် သေဆုံးသွားကာ ကျည်ဆန် ၂၀၀ ကျော်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မနေ့မနက် ၁၀ နာရီလောက်ကလည်း စစ်တပ်က ရဟတ်ယာဉ် ၂ စင်းနဲ့ သီးဘွာလ်စစ်စခန်းအတွက် စားနပ်ရိက္ခာတွေနဲ့ စစ်လက်နက်အကူအညီတွေ ပေးပို့သွားတယ်လို့ သိရပြီး တိုက်ခိုက်ရေးရဟတ်ယာဉ် Mi 35 တစင်းနဲ့ CNDF နဲ့ ပူးပေါင်းတပ်ဖွဲ့တွေကိုလည်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး CNDF နဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှုတစုံတရာမရှိခဲ့ကြောင်း အဲ့ဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

CNDF ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ဖွဲ့ရဲ့  သီးဘွာလ်စခန်းကို သိမ်းပိုက်နိုင်ရေး တိုက်ခိုက်နေတာ ၇ ရက် ကြာမြင့်ခဲ့ပြီဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က နေ့စဉ် လေကြောင်းပစ်ကူနဲ့ ပစ်ခတ်နေပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ ၅ ရက်တာ တိုက်ပွဲအတွင်းမှာ‌ စစ်ကောင်စီတပ်ဖွဲ့က အရာရှိအဆင့် အပါအဝင် အနည်းဆုံး ၃၀ ကျော်သေဆုံးခဲ့ပြီး CNDF က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်မှု အကြိမ်ရေ ၃၀၀ ကျော် ပြုလုပ်ခဲ့တာကြောင့် စစ်ကောင်စီတပ်စခန်းအတွင်းရှိ အဆောက်အဦတချို့ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

သီးဘွာလ်စစ်ခန်းတိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေပြီး CNDF ဘက်က ဒေသတွင်း CDF တပ်ဖွဲ့တွေ အပါအဝင် တော်လှန်ရေးအင်အားစုတွေက အကူအညီပေးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013