DVB Logo
Home
မြန်မာသတင်း
ဝက်လက်မြို့နယ်၌ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၀ ဦးခန့် သေဆုံး
DVB
·
November 21, 2022
ဝက်လက်မြို့နယ်၌ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၀ ဦးခန့် သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ကားတစီး နိုဝင်ဘာ ၂၀ ရက် နေ့လယ် ၁ နာရီ မိနစ် ၄၀ လောက်က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

အင်အား ၃၅ ဦးခန့်ပါဝင်တဲ့ စစ်ကောင်စီတပ်ကားဟာ ဝက်လက်မြို့ကနေ ခေါတောကျေးရွာကို စစ်ကြောင်းထိုးဖို့ ထွက်လာတာဖြစ်ပြီး လမ်းမှာ မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပဒေသာမိုင်း ၆ လုံးဆွဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကားဟာ လမ်းဘေးထိုးကျကာ စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးဒဏ်ရာရတယ်လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုတိုက်ခိုက်မှုကို People's Army To Fight Dictatorship (PAFD ဝက်လက်)၊ ဗိုလ်လှိုင်ဘွားအဖွဲ့ တပ်ခွဲ DK PDF (MMU)၊ People's knight Defense Force Myinmu (PKDF-MMU)၊ TAUNGTHA People Defense Force (TTAPDF)၊ D.B.B.F-MMU မဟာမိတ်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013