DVB Logo
Home
မြန်မာသတင်း
၂၀၂၀ ဆယ်တန်းအောင်ကျောင်းသားများ၏ ၄ ပုံ ၁ ပုံကျော် တက္ကသိုလ်ဆက်မတက်
DVB
·
November 21, 2022
၂၀၂၀ ဆယ်တန်းအောင်ကျောင်းသားများ၏ ၄ ပုံ ၁ ပုံကျော် တက္ကသိုလ်ဆက်မတက်
1 / 3
Donate to DVB

၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူတွေအတွက် တက္ကသိုလ်ပထမနှစ် (ပထမနှစ်ဝက်) သင်တန်းကို တနိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်အသီးသီးမှာ နိုဝင်ဘာ ၂၁ ရက် ဒီနေ့ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူတွေအတွက် တက္ကသိုလ်ပထမနှစ် တက်ရောက်လိုသူတွေကို ကျောင်းအပ်နှံဖို့ ဒီလကုန်အထိ ကျောင်းအပ်လက်ခံပေးသွားမယ်လို့ စစ်ကောင်စီရဲ့ ပညာရေးဌာနက ကြေညာခဲ့ပြီး ၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူတွေအနက် ၇၅ ရာခိုင်နှုန်းဝန်းကျင်လောက်ကတော့ ကျောင်းအပ်ထားတယ်လို့ သိရပါတယ်။

၂၀၂၀ ခုနှစ်က တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းသားကျောင်းသူ ၉၀၀,၀၀၀ ကျော် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့ကြပြီး အဲ့ဒီအထဲက ၂၉၀,၀၀၀ ကျော် အောင်မြင်ခဲ့ကြပါတယ်။

စစ်တပ်အာဏာသိမ်းမှု အကျိုးဆက်တွေကြောင့် စာမေးပွဲအောင်မြင်ခဲ့တဲ့ ကျောင်းသားကျောင်းသူတွေအတွက် တက္ကသိုလ်ပထမနှစ်သင်တန်းတွေကို ဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိဘဲ ၂ နှစ်အကြာမှသာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အခုအချိန်အထိ ၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ကျောင်းမအပ်ရသေးသူတွေဟာ ပဋိပက္ခဖြစ်ပွားရာဒေသက ကျောင်းသားကျောင်းသူတွေဖြစ်နိုင်ပြီး တချို့ကျောင်းသားကျောင်းသူတွေကတော့ စစ်အာဏာရှင်စနစ်လက်အောက်မှာ ပြုလုပ်တဲ့ ပညာရေးကို အယုံအကြည် မရှိတာကြောင့် ကျောင်းမအပ်ကြတာ ဖြစ်နိုင်တယ်လို့ ပညာရေးဌာနက အရာရှိတဦးက ပြောပါတယ်။

၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူတွေထဲက ငါးဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တဲ့ ကျောင်းသားတဦးကတော့ လက်နက်ကိုင်တော်လှန်ရေး တိုက်ပွဲတခုအတွင်း ကျဆုံးခဲ့ရတယ်လို့လည်း သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့တခုက ထုတ်ပြန်ခဲ့ပါသေးတယ်။

၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူတွေအတွက် တက္ကသိုလ်ပထမနှစ် (ပထမနှစ်ဝက်) ရဲ့ တက္ကသိုလ်နှစ်ဝက် စာမေးပွဲတွေကို ၂၀၂၃ ခုနှစ်၊ မတ်လ ၉ ရက်နေ့မှာ ကျင်းပမယ်လို့ စစ်ကောင်စီရဲ့ ပညာရေးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013