
စစ်ကိုင်းတိုင်း တမူးမြို့မှာ စက်သုံးဆီပြတ်လပ်နေရာ ပုဂ္ဂလိကဆီဆိုင် တဆိုင်က ယခင်ဈေးနှုန်း ၁ ဂါလန် ၁၂,၀၀၀ ကျပ်နဲ့ နိုဝင်ဘာ ၂၀ ရက်က ရောင်းချပေးတာကြောင့် သုံးစွဲသူ အများအပြား တန်းစီဝယ်ယူနေကြတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
"ဆီပြတ်တာ ကြာတော့ လာဝယ်တဲ့သူများတယ်။ မနက်ကတည်းက တန်းစီဝယ်နေကြတာ။ အပြင် ဈေးက ဓာတ်ဆီ ၁ ဂါလန် ၂၂၀၀၀ အခု ရောင်းပေးတာ၊ ၁၂၀၀၀ ဆိုတော့ ဒီမှာပဲ လာတန်းစီကြတာ။"
တဦးကို ၁ ဂါလန်နှုန်း တန်းစီစနစ်နဲ့ ဓာတ်ဆီ တမျိုးတည်းကိုသာ ရောင်းချပေးတာဖြစ်ပြီး ဒီဇယ်ဆီကိုတော့ နောက်ရက်တွေမှာ ရောင်းချပေးမလား မသိဘူးလို့ ဝယ်ယူသုံးစွဲသူတွေက ပြောပါတယ်။