ရာဇာမင်း ခရီးသည်တင်ကား တိမ်းမှောက်၊ ၁၄ ဦး သေဆုံး
DVB
·
May 13, 2014
ရန်ကုန်-မန္တလေး နေပြည်တော် အမြန်ကားလမ်းမကြီးပေါ်မှာ မေလ ၁၂ ရက်နေ့ ညက ခရီးသည်တင် အဝေးပြေးကားတ်စီး အရှိန်လွန်တိမ်းမှောက်ခဲ့လို့ လူ ၁၄ ဦး သေဆုံးပြီး ၂၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
[caption id="attachment_56492" align="alignright" width="300"] ဓာတ်ပုံ - ရဲဇာနည်ဖေ့ဘွတ်ခ်[/caption]
ရာဇာမင်း ခရီးသည်တင်ကားဟာ နေပြည်တော် ကနေ ရန်ကုန်ကို အလာ မိုင်တိုင် ၁၉၇ / ၆ နားမှာ အရှိန်လွန်ပီး ပျဉ်မနား-တောင်တွင်းကြီး မီးရထားခုံးကျော် တံတားအောက် ကျသွားခဲ့တာပါ။
ဒဏ်ရာရ ခရီးသည်တွေထဲက ၂၆ ယောက်ဟာ နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကြီှးမှာ ဆေးကုသမှု ခံယူနေပြီးကျန်၃ ယောက်ကိုတော့ လယ်ဝေးမြို့နယ် ပြည်သူ့ဆေးရုံ ကို ပို့ဆောင် ကုသပေးထားတယ်လို့ သိရပါတယ်။
အသက် ၃၄နှစ်ရှိပြီဖြစ်တဲ့ ယာဉ်မောင်း မင်းခန့် (ခ) ထွန်းခန့်စိုး ကိုတော့ လက်ရှိအချိန်မှာ နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကြီးမှာ ဆေးကုသပေးနေပြီး ယာဉ်မတော်တဆ မှုတွေကြာင့် အရေးယူနိုင်တဲ့ ဥပဒေတွေဖြစ်တဲ့ ပုဒ်မ ၃၀၄ (က)၊ ပုဒ်မ ၃၃၇၊၃၃၈ တို့နဲ့ အမှုဖွင့် အရေးယူသွားမယ်လို့ သိရပါတယ်။