DVB Logo
Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းမြို့နယ်၌ စစ်တပ်လက်နက်ကြီးကြောင့် ရွာသားများ ထွက်ပြေး၊ လူငယ် ၇ ဦး ဖမ်းခံရ
DVB
·
November 20, 2022
ပုဏ္ဏားကျွန်းမြို့နယ်၌ စစ်တပ်လက်နက်ကြီးကြောင့် ရွာသားများ ထွက်ပြေး၊ လူငယ် ၇ ဦး ဖမ်းခံရ
Donate to DVB

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာဘက်ကို နိုဝင်ဘာ ၁၉ ရက် ညနေ ၅ နာရီကျော်လောက်တည်းက ပုဏ္ဏားကျွန်းအခြေစိုက် ခမရ-၅၅၀ တပ်ရင်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်လို့ ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။

လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အချက်ပေါင်းများစွာ ပစ်ခတ်မှုကြောင့် ရွာထဲကို လက်နက်ကြီးတွေကျရောက် ပေါက်ကွဲခဲ့တယ်လို့ ကျောက်ဆိပ် ကျေးရွာခံတယောက်က  ပြောပေမဲ့ ရွာသားတွေ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။ 

“၅၅၀ တပ်ရင်းဘက်က လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်သံကြားတော့ အခြေနေစောင့်ကြည့်နေသေးတယ်။ ခဏနေတော့  ရွာနားတွေနဲ့ ရွာထဲတွေကို လက်နက်ကြီးကျည် ၇ လုံးထက်မနည်း ကျရောက်ပေါက်ကွဲတော့ ရွာလုံးကျွတ် အသက်လုပြီး ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြတာ။”

ထွက်ပြေးကြတဲ့ ရွာသူရွာသားတွေဟာ စားသောက်စရာသာမက ခြုံစောင်တောင်မပါလို့ ဆောင်းကာလ အခက်အခဲဖြစ်နေကြတယ်လို့ ဒေသခံက ပြောပါတယ်။

ရေဖြူကန်ကျေးရွာဘက်ကိုလည်း နိုဝင်ဘာ ၁၉ ရက် မွန်းလွဲ ၂ နာရီလောက်ကတည်းက ခမရ ၅၅၀ တပ်ရင်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ ရွာထဲမှာ လက်နက်ကြီးကျည် ၃ လုံး ကျရောက်ပေါက်ကွဲပြီး အမျိုးသား ၂ ယောက်ဒဏ်ရာ ရကာ ရွာသားတွေအားလုံး ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၈ ရက် နေ့လယ်ပိုင်က  ကျောက်တော်မြို့၊ ကန်စောက်တောင်နားက ခမရ ၅၃၉ စစ်ဆေးဂိတ်မှာ ခရီးသွားလူငယ် ၇ ယောက်ကို စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မျက်မြင်ဒေသခံ တဦးက "ဆိုင်ကယ်နဲ့လာတဲ့ ခရီးသွား ၂ ဦးကို စစ်ဆေးဖို့ တားဆီးတဲ့အခါ နောက်က ထိုင်စီးလာသူက ထွက်ပြေးလို့ သေနတ်နဲ့ လမ်းပစ်တယ်လိုတော့ သိရတယ်။ ဆိုင်ကယ်မောင်းလာ သူအဖမ်းခံရပြီး သူတို့ နောက်က လိုက်လာတဲ့ သုံးဘီးပေါ်က သုံးဘီးသမားနဲ့  ​လူ ၅ ဦးကိုပါ သုံးဘီးနဲ့အတူ တပ်ရင်းထဲကို ခေါ်သွားကြတယ်လို့သိရတယ်။"လို့ ပြောပါတယ်။

အဲဒီဆိုင်ကယ်နဲ့ သုံးဘီးယာဉ်ဟာ ကျောက်တော်ဘက်မှ စစ်တွေမြို့ကို ဆင်းလာတာဖြစ်ပြီး စစ်တပ်က  စစ်ဆေးရာ အစစ်ဆေးမခံဘဲထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခံရတာလို့ ကန်စောက်ဒေသခံ တဦးက ပြောပါတယ်။

"အစစ်မခံဘဲ ထွက်ပြေးတော့ သေနတ်နဲ့ လိုက်ပစ်ပြီး ဖမ်းတာ။ ပန်းဖဲချောင်းရွာဖက်ကို ပြေးသွား တော အဲဒီရွာက အုပ်ချုပ်ရေးမှူးကို ပြေးဝင်သွားတဲ့လူကို ဖမ်းပေးဖို့ စစ်တပ်က အမိန်းပေး ထားတယ်။ ရှေ့က ဆိုက်ကယ်က တစ်ယောက်ထွက် ပြေးတော့ ဘာမှ မဆိုင်တဲ့ သုံးဘီးနဲ့ ပါလာတဲ့သူတွေကိုပါ မသင်္ကာလို့ ဖမ်းသွားတာ။" လို့ ဆိုပါတယ်။

ကန်စောက်တောင်အနီးရှိ ခမရ ၅၃၉ စစ်ဆေးဂိတ်မှာ ခရီးသွားတွေရဲ့ ဖုန်းတွေနဲ့  မှတ်ပုံတင်တွေ ကို စစ်ဆေးနေပြီး မသင်္ကာပါက ဖမ်းဆီးလေ့ရှိပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013