DVB Logo
Home
မြန်မာသတင်း
စစ်တွေ-ပုဏ္ဏားကျွန်း ကားလမ်းပိတ်ထားသဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ငါးတင်ပို့မည့် ကုန်သည်များ အခက်ကြုံ
DVB
·
November 20, 2022
စစ်တွေ-ပုဏ္ဏားကျွန်း ကားလမ်းပိတ်ထားသဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ငါးတင်ပို့မည့် ကုန်သည်များ အခက်ကြုံ
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေ-ပုဏ္ဏားကျွန်း ကားလမ်းပိတ်ထားတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက်ကုန်တွေတင်ပို့သူတွေအခက်ကြုံနေပြီး  တောင်ကုတ်ကနေတဆင့်ပို့ဖို့ ကြိုးစားနေတာကြောင့် လမ်းခရီးကြန့်ကြာ အရှုံးပေါ်နေတယ်လို့  ငါးမြစ်ချင်းတင်ပို့တဲ့ ကုန်သည်တွေက ပြောပါတယ်။

မြန်မာဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက်ကုန်တွေတင်ပို့ရာမှာ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းကို အဓိကထားတင်ပို့နေကြရာက စစ်ကောင်စီက မောင်တော-အငူမော်လမ်းကို သြဂုတ် ၁၄ ရက်ကစပြီး ဒီကနေ့အထိ ပိတ်ထားလို့ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကနေ ငါးမြစ်ချင်းတင်ပို့မှုဟာ အောက်တိုဘာလက စလို့ လုံးဝရပ်သွားခဲ့တာ​ပါ။

ဒါကြောင့် စစ်တွေရွှေမင်းဂံဆိပ်ကမ်းကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ငါးမြစ်ချင်းတွေ တင်ပို့ခဲ့ကြရာမှာလည်း အခုတဖန် တိုက်ပွဲတွေကြောင့် စစ်တွေ-ပုဏ္ဏားကျွန်းလမ်းကို ထပ်ပိတ်ထားလို့ ငါးကုန်သည်တွေ အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရတာပါ။

ဒေသခံ ငါးမြစ်ချင်းကုန်သည်တဦးက “စစ်တွေ-ပုဏ္ဏားကျွန်းလမ်းကို နိုဝင်ဘာ ၁၀ ရက်နေ့ကတည်းက ပိတ်ထားတာ။ ဒီနေ့အထိပြန် မဖွင့်သေးဘူး။ သူတို့ပြောတာကတော လုံခြုံရေးအရ ယာယီပိတ်ထားတာလိုပြောတယ်။ ဘယ်နေ့ပြန်ဖွင့်မယ်ဆိုတာ အတိအကျမသိရဘူး။ ငါးမြစ်ချင်းကားတွေအားလုံး ပြန်လှည့်ပြီး တောင်ကုတ်ကတဆင့် တင်ပို့နိုင်ဖို့ကြိုးစားနေကြတယ်။ တောင်ကုတ်ကနေ ပို့ရင်လည်း ရေယာဥ်တွေကို စစ်တွေလာပြီး စစ်ဆေးခံရမှာဆိုတော့ အချိန်တွေများစွာကြန့်ကြာမယ်။ ရေခဲတွေအရည်ပျော်ကုန်ပြီး ငါးအရည်အသွေးကျဆင်းသွားမယ်။ ဆုံးရှုံးမှုတွေများစွာ ရင်ဆိုင်နေကြရတယ်"လို့ ပြောပါတယ်။

စစ်တွေ-ပုဏ္ဏားကျွန်းကား လမ်းပိတ်ထားလို့ ငါးမြစ်ချင်းကား အစီးရေ ၃၀ လောက် ငါးတန်ချိန် ၁၅၀ ကျော် ပျက်စီးသွားပါက ငွေကျပ် သိန်း သောင်းနဲ့ချီဆုံးရှုံးသွားနိုင်တဲ့အတွက် တောင်ကုတ်ကနေတဆင့် ဘင်္ဂလားဒေ့ရှ်သို့ အမြန်ဆုံးတင်ပို့နိုင်ဖို့ ကြိုးစားနေကြရပါတယ်။

ငါးမြစ်ချင်းကုန်သည်တယောက်က "ငါးကားတွေရဲ့ အအေးခန်းတွေကို အချိန်ကြာမြင့်စွာ စက်နှိုးထားရတာက ဆီစျေးတွေတက်နေတာကြောင့် ကုန်ကျမှုအပိုင်းများစွာရှိနေတယ်။ ကုန်သည်တွေအနေနဲ့ အရှုံးနဲ့ရင်ဆိုင်နေကြရပြီး များစွာအခက်တွေ့နေရတယ်။"လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့အကြား စစ်ရေးပဋိပက္ခကြောင့် စစ်တွေ-ပုဏ္ဏားကျွန်း လမ်းကို ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၀ ရက်ကစလို့ အကန့်အသတ်မရှိ စစ်ကောင်စီက ပိတ်ထားလိုက်တာကြောင့် လတ်တလော ကုန်တင်ကားတွေနဲ့ ခရီးသည်တင်ကားတွေ အပါအဝင် ကားအစီးရေ ၃၀၀ လောက် ပိတ်မိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013