
မန္တလေ၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက်၊ မင်းကုန်းရပ်ကွက်မှာ နိုဝင်ဘာ ၁၉ ရက် ၁၁ နာရီဝန်းကျင်က ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် တယောက် ပစ်သတ်ခံခဲ့ရပါတယ်။
ပစ်သတ်ခံရသူဟာ သံလျှက်မှော်အနောက်ရပ်ကွက် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်အေး ဖြစ်ပြီး သေနတ်နဲ့ ၂ ချက်ပစ်ခံခဲ့ရကာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဦးထွန်းမြင့်အေးကို Generation Z Power- GZP ( Mandalay ) ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ခဲ့တာဖြစ်ပြီး ရပ်ကွက်နေ ပြည်သူတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျနေသူဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
သေနတ် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး အနီးပတ်ဝန်းကျင်ရှိ နေအိမ်တွေကို ဝင်ရောက်စစ်ဆေးခဲ့တဲ့အပြင် ရပ်ကွက်နေ ပြည်သူ ၆ ယောက်လောက်ကို ရိုက်နှက်ဖမ်းဆီးခဲ့တယ်လို့ နယ်ခံတွေထံက သိရပါတယ်။