DVB Logo
Home
မြန်မာသတင်း
အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီတွင် NUG နိုင်ငံခြားရေးဝန်ကြီးဌာနရုံးဖွင့်လှစ် 
DVB
·
November 20, 2022
အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီတွင် NUG နိုင်ငံခြားရေးဝန်ကြီးဌာနရုံးဖွင့်လှစ် 
1 / 5
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  နိုင်ငံခြားရေးဝန်ကြီးဌာနရုံးကို အမေရိကန်ပြည်ထောင်စု၊ မြိုတော်ဝါရှင်တန်ဒီစီမြို့မှာဖွင့်လှစ်ထားတယ်လို့  NUG ကထုတ်ပြန်ကြေညာပါတယ်။ 

NUG နိုင်ငံခြားရေးဝန်ကြီးဌာနရုံး မိတ်ဆက်ပွဲအခမ်းအနားကို ဒေသစံတော်ချိန် နိုဝင်ဘာ ၁၈ ရက်က ကျင်းပခဲ့ပြီး အဆိုပါ ရုံးကို အမေရိကန်ရောက် မြန်မာ အသိုက်အဝန်းနဲ့ မိတ်ဆက်ပေးဖို့ ရည်ရွယ်ကျင်းပခဲ့တာလို့ ဆိုပါတယ်။ 

ဝါရှင်တန်ရှိ NUG ရဲ့နိုင်ငံခြားရေးရုံးကနေ ဘာတွေရှေ့ဆက်လုပ်ဆောင်မယ်  ပြည်ပရောက်မြန်မာတွေအတွက် ဘာတွေ ဆောင်ရွက်ပေးမယ်ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။ 

ရုံးဖွင့်ပွဲကို NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒုန်ကြီးဦးမိုးဇော်ဦး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကိုယ်စားလှယ်ရုံးတွေကို ယူကေ၊ ဩစတြေးလျ၊ ချက်သမ္မတနိုင်ငံ၊ ဂျပန်၊ တောင်ကိုရီးယား စတဲ့နိုင်ငံတွေမှာလည်း ဖွင့်လှစ်ထားပါတယ်။

Photo Credit- NUG

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013