Home
မြန်မာသတင်း
မေ ၁၄ ရက် မိုးလေ၀သ ခန့်မှန်းချက် (ဒေါက်တာ - ထွန်းလွင်)
DVB
·
May 13, 2014
မေ ၁၃ ရက်နေ့ မနက် ၇း၃၀ နာရီအချိန် ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီ ပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့ အနောက်ပိုင်းတို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။

မြန်မာနိုင်ငံ အလယ်ပိုင်း၊ တောင်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ဒေသတွေမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။

မေလ ၁၄ ရက်နေ့

Slide7မြန်မာ့ပင်လယ်ပြင်အခြေအနေ က မြန်မာကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအနည်းငယ်သာ ရှိနိုင်ပါတယ်။ ရခိုင်ကမ်းရိုးတန်းတ လျှာက်၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း တလျှောက်မှာ လှိုင်းအမြင့် ၂ ပေခန့် ရှိနိုင်ပါတယ်။ ကျန်မြန်မာ့ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁ ပေလောက်မြင့်တက်နိုင်ပါတယ်။

အပူရှိန်မြင့်တက်နိုင်မှုကတော့ ခရမ်းလွန်ရောင်ခြည်  အညွှန်း ကိန်းတွေဟာ ဆက်လက်ပြီးကျဆင်းနိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အနိမ့်ဆုံး တန်ဖိုး ဖြစ်နိုင်တာကတော့ ဘားအံမြို့ဖြစ်ပြီး အညွှန်းကိန်း တန်ဖိုး ၁၀.၈ ကျရာက်နိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ အညွှန်းကိန်း ၁၂ ကနေ ၁၃ ကျော် မြင့်တက်နိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံး ကျရောက်နိုင်တာကတော့ ကော့သောင်းမြို့ဖြစ်ပြီး အညွှန်းကိန်းတန်ဖိုး ၁၃.၃ အထိ ဖြစ်နိုင်ပါတယ်။

နေ့အပူချိန်ခန့်မှန်းချက်က ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်ဒေသတွေမှာ နေ့အပူချိန် ၂၉ ဒီဂရီစင်တီဂရိတ် ကနေ ၃၃ ဒီဂရီစင်တီ ဂရိတ်ခန့် ရှိနိုင်ပြီး ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၃၄ ဒီဂရီစင်တီဂရိတ် ကနေ ၄၀ ဒီဂရီစင်တီဂရိတ် ခန့်ရှိနိုင်ပါတယ်။

မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှုခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည် နယ်တောင်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတို့မှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၃၅ ရာခိုင်နှုန်းကနေ ၅၅ ရာခိုင်နှုန်းလောက် သေချာမှုရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၁၅ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းလောက်ရှိနိုင်ပါတယ်။

မိုးရွာသွန်းနို်င်မှုခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်တောင်ပိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းစွန်း၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှာ နေရာကွက်ကြားမိုး ရွာနိုင်ပြီး သေချာမှု ၆၀ ကနေ ၇၀ ရာခိုင်နှုန်းလောက်ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာတော့ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပါတယ်။

မိုးရေချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ၊် မွန်ပြည်နယ်၊  တနင်္သာရီ တိုင်းဒေ သတွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၅ မီလီမီတာ ကနေ ၂၀ မီလီမီတာလောက် မိုးရွာ နိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပါတယ်။

မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ  အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီစင်တီ ဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၆ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့သေချာမှု ၆၀ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။

ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့သေချာမှု ၆၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။

မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၄၁ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၆၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024