DVB Logo
Home
မြန်မာသတင်း
ရေလယ်ကျွန်းဒေသ စစ်ရှောင်စခန်းကို စစ်တပ်က မီးရှို့၊ စစ်ရှောင် ၁၀၀၀ ကျော် စားဝတ်နေရေး ခက်ခဲနေ
DVB
·
November 19, 2022
ရေလယ်ကျွန်းဒေသ စစ်ရှောင်စခန်းကို စစ်တပ်က မီးရှို့၊ စစ်ရှောင် ၁၀၀၀ ကျော် စားဝတ်နေရေး ခက်ခဲနေ
Donate to DVB

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ရေလယ်ကျွန်းဒေသက စစ်ရှောင်ဦးရေ ၁၀၀၀ ကျော် တိမ်းရှောင်နေတဲ့ စစ်ရှောင်စခန်းကို နိုဝင်ဘာ ၁၇ ရက်နေ့က စစ်ကောင်စီတပ်စစ်ကြောင်းက မီးရှို့သွားတာကြောင့် စားဝတ်နေရေး ခက်ခဲနေပြီး အကူညီလိုအပ်နေတယ်လို့ ကောင်းကင်တော်လှန်ရေးအင်အားစုက တာဝန်ရှိသူက ပြောပါတယ်။

စစ်ကိုင်း၊ ဝက်လက်နဲ့ မတ္တရာမြို့နယ်တို့က ကျေးရွာ  ဆယ်ရွာကျော်ကို စစ်ကောင်စီတပ်က မီးရှို့သွားတာကြောင့် ပြည်သူတွေဟာ  ရေလယ်ကျွန်း စစ်ရှောင်စခန်းမှာနေထိုင်နေရပြီး အခု ထပ်မံမီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။

"အစကတော့စစ်ရှောင် နှစ်ရာပဲရှိတာ၊ အခုက ကလေးကော လူကြီးကောအကုန်ဆိုရင် စခန်းမှာက တစ်ထောင်လောက်ရှိတယ်။ စ စ်ရှောင်စခန်းမှန်း သိသိကြီးနဲ့ မီးရှို့သွားတာ၊ ဆန်တွေကောရှို့ သွားတော့ စားဖို့ပါခက်ခဲနေတယ်" လို့ စစ်ရှောင်စခန်းတာဝန်ရှိသူက ပြောပါတယ်။

စစ်ရှောင်စခန်းမီးရှို့ခံရတာကြောင့် ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေကြရပြီး ရာသီဥတု အေးလာတာကြောင့် စောင်နဲ့အနွေးထည်တွေအပြင် ဆေးဝါးအကူအညီပါ လိုအပ်နေတယ်လို့ ပြောပါတယ်။

"အခုတော့ ဘုန်းကြီးကျောင်းတွေမှာ တစုစီထားထားရတယ်၊ နေစရာမှမရှိတော့တာ၊ ဆန်လည်း မီးရှို့ခံရတော့ စားစရာလည်းမရှိဘူး။" 

ရေလယ်ကျွန်းစစ်ရှောင်စခန်းမှာ ဆေးဝါး မလုံလောက်မှုကြောင့် ပြီးခဲ့တဲ့လကက အဘွားအိုတဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

မန္တလေးတိုင်း မတ္တရာမြို့နယ် သုံးဆယ်ပေးရွာကို နိုဝင်ဘာလ ၁၈ ရက် မနက် ၇ နာရီကျော်က စစ်ကောင်စီတပ်သားများ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ရေကြောင်း၊ ကုန်းကြောင်းတို့ကနေ လာတာဖြစ်ပြီး ရွာကိုပိတ်ကာ သေနတ်နဲ့ ပစ်ခတ်တာကြောင့် ဒေသခံရွာသူ/သားတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့ Patheingyi Information (PIF) က ထုတ်ပြန်ထားပါတယ်။

Patheingyi Information (PIF) အဖွဲ့ဝင် တဦးက “သုံးဆယ်ပေးရွာအတွင်း PDF တွေ မရှိဘဲ ဒေသခံတွေမှန်း မြင်လျက်၊ သိလျက်နဲ့ လက်နက်ကြီးနဲ့  ပစ်ပြီး ရွာထဲဝင်လာတာ” လို့ ပြောပါတယ်။

လက်မှာ စစ်ကောင်စီတပ်သား အင်အား ၅ဝ ကျော်က ရွာထဲရှိ ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013