Home
မြန်မာသတင်း
လောင်းလုံးစစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးဆန္ဒပြသူအချို့ သေနတ်ဖြင့် ပစ်ခတ်ခံရ
DVB
·
November 19, 2022

တနင်္သာရီတိုင်း လောင်းလုံးမြို့ပေါ်မှာ နိုဝင်ဘာ ၁၉ ရက် မနက် ၈ နာရီလောက်က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးဆန္ဒပြနေသူတချို့ သေနတ်နဲ့တချက် ပစ်ခတ်ခံခဲ့ရတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

အခြေခံပညာအထက်တန်းကျောင်းရှေ့မှာ  "မတရားမှုကို ဆန့်ကျင်မယ်၊ အမှန်တရားအတွက် ခွပ်ဒေါင်းတွေ သေရဲတယ်" ဆိုတဲ့ စာတန်းချိတ်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့ ကြွေးကြော်နေချိန် ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး လူထိခိုက်တာတော့ မရှိခဲ့ပါဘူး။

စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့သူ တယောက်ယောက်က ပစ်ခတ်ခဲ့တာ ဖြစ်နိုင်ပြီး ဘယ်သူလဲဆိုတာ အတိအကျ မသိရဘူးလို့လည်း ဆိုပါတယ်။

ပစ်ခတ်ခံရတဲ့ လူငယ်တဦးက "ကျနော်တို့သွားတာက ၄ ယောက်။ ပစ်ခံရတာတော့ တချက်ပဲ။ ပစ်ပြီးမှ ရဲစခန်းထဲက စစ်သားတွေ ကားနဲ့ ထွက်လိုက်လာတာ။ ကျနော်တို့ မြန်မြန် ပြန်လိုက်လို့ လွတ်သွားတာ" လို့ ပြောပါတယ်။

ပစ်ခတ်ပြီး ၁ မိနစ်အကြာမှာ လောင်းလုံးမြို့မရဲစခန်းကနေ စစ်ကောင်စီတပ်က စာသင်ကျောင်းနား လာရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က အောက်တိုဘာလအတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါတယ်လို‌ေဆိုကာ CDM ကျန်းမာရေးဝန်ထမ်း တယောက်အပါအဝင် လောင်းလုံးမြို့ခံ ၁၀ ယောက်လောက်ကို ဖမ်းဆီးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024