DVB Logo
Home
မြန်မာသတင်း
ဖားကန့် Sky Hotel တွင် စစ်ဗိုလ် ၁ ဦး ဗုံးပစ်ခံရပြီး သေဆုံး
DVB
·
November 19, 2022
ဖားကန့် Sky Hotel တွင် စစ်ဗိုလ် ၁ ဦး ဗုံးပစ်ခံရပြီး သေဆုံး
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာအနီး ဖားကန့်-လုံးခင်း လမ်းမကြီးပေါ်ရှိ Sky Hotel &Restaurant က KTV ခန်းမှာ နိုဝင်ဘာ ၁၉ ရက် ဒီမနက် ၇ နာရီလောက်က ဗုံး နဲ့ပစ်ခံရပြီး စစ်ကောင်စီတပ်က တပ်ခွဲမှူး အရာရှိတယောက် သေဆုံးသွားတယ်လို့ ဟိုတယ်ဝန်ထမ်းက ပြောပါတယ်။

ဟော်တယ်က KTV ခန်းထဲကို လက်ပစ်ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့ရာမှာ KTV ခန်းထဲက စစ်ကောင်စီတပ်က သုံးပွင့်ဗိုလ်ကြီး တယောက် အခင်းဖြစ်ရာနေရာမှာပဲသေဆုံးခဲ့ပြီး တခြားတယောက်လည်း ပြင်းထန်ဒဏ်ရာရရှိကာ အသက် အန္တရာယ်စိုးရိမ်ရတယ်လို့ ဟိုတယ်ဝန်ထမ်းတယောက်က ပြောပါတယ်။

“အခန်းထဲမှာ ပွဲချင်းပြီးသေတဲ့တယောက်က အူတွေပါထွက်သွားတာဗျ။ နောက်တယောက်လည်း အသက်ရှင်ဘို့မလွယ်ဘူးဗျ။ သေတာကသုံးပွင့်ဗိုလ်လို့တော့ပြောတာပဲ။”

သေဆုံးသွားတဲ့ အရာရှိဟာ တပ်မ ၃၃ လက်အောက်ခံ ဗလခ တပ်ခွဲစခန်းက တပ်ဖွဲမှူး အရာရှိဖြစ်တယ်လို့လည်း အဆိုပါတပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

လာရောက် တိုက်ခိုက်သူတွေဟာ တိုယိုတာအမျိုးအစား SURF ကားနဲ့ ဟိုတယ်ထဲ မောင်းဝင်လာပြီး အရပ်ဝတ်နဲ့ မျက်နှာဖုံကာ Mask တွေ တပ်ဆင်ထားတယ်လို့လည်း ဟိုတယ် ဝန်ထမ်းတွေက ပြောပါတယ်။

တိုက်ခိုက်သူတွေဟာ စစ်ကောင်စီအရာရှိတည်းခိုနေထိုင်တဲ့အခန်းကို တက်သွားပြီးတခါးကို ဖွင့်ခိုင်းကာ လက်ပစ်ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့လည်းဆိုပါတယ်။ တိုက်ခိုက်သူတွေဟာ ဘယ်အဖွဲ့ကလည်း ဆိုတာကိုတော့ လတ်တလော မသိရသေးပါဘူး။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013