DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ လုပ်ကြံဖန်တီး လိမ်ညာသတင်းထုတ်ပြန်ခဲ့ဟု ထောင်မှပြန်လွတ်လာသည့် ဂျပန်ဒါရိုက်တာ ပြော
DVB
·
November 19, 2022
စစ်ကောင်စီ လုပ်ကြံဖန်တီး လိမ်ညာသတင်းထုတ်ပြန်ခဲ့ဟု ထောင်မှပြန်လွတ်လာသည့် ဂျပန်ဒါရိုက်တာ  ပြော
1 / 4
Donate to DVB

စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ဆန္ဒပြဆိုင်းဘုတ်စာတန်းကိုကိုင်ခိုင်းပြီး ဓာတ်ပုံရိုက်ကာ လုပ်ကြံဖန်တီးခဲ့တာဖြစ်တယ်လို့ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့   ဂျပန်လူမျိုး မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ  မစ္စတာ တိုရူကူဘိုတာက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မစ္စတာ တိုရူကူဘိုတာဟာ အမျိုးသားအောင်ပွဲနေ့က စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာပြီး ပြည်နှင်ဒဏ်ပေးခံခဲ့ရကာ နို၀င်ဘာ ၁၈ ရက်က တိုကျိုမြို့ ဟနေဒလေဆိပ်ကို ပြန်ရောက်ရောက်ချင်း ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ  စစ်ကောင်စီရဲ့ လုပ်ကြံဖန်တီးခဲ့မှုတွေနဲ့ ပတ်သက်ပြီး   သတင်းထောက်တွေကို  ရှင်းပြခဲ့တာဖြစ်ပါတယ်။ 

“ကျနော်တို့ကို ဖမ်းဆီးပြီးပြီးချင်းမှာပဲ  ဆိုင်းဘုတ်ကိုင်ပြီး ဓာတ်ပုံရိုက်ခိုင်းခဲ့တာဖြစ်ပါတယ်။”လို့  တိုရူကူဘိုတာက ပြောပါတယ်။

အဆိုပါ ဓာတ်ပုံဟာ ဇူလိုင် ၃၀ ရက်က ရန်ကုန်မှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြတဲ့ မြန်မာလူငယ်တွေနဲ့အတူ မစ္စတာကူဘိုတာလည်း အဖမ်းခံရပြီး မကြာခင်မှာဘဲ မစ္စတာကူဘိုတာ အလံကိုင်ထားတဲ့  ဓာတ်ပုံတွေ လူမှုကွန်ရက်မှာ  ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။

စစ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း သတင်းစာ ရှင်းလင်းပွဲမှာ အဆိုပါ ဓာတ်ပုံကို ပြသခဲ့ပြီး မစ္စတာကူဘိုတာဟာ ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ အထောက်အထားဆိုပြီး မဟုတ်မမှန် ဝါဒဖြန့်ခဲ့တာဖြစ်ပါတယ်။

သူ့ကို မတရားတဖက်သတ်စစ်ဆေးခဲ့တဲ့ စစ်ခုံရုံးမှာလည်း စစ်အာဏာပိုင်တွေက သူဟာ အလံကို ကိုင်ပြီး ဆန္ဒပြမှုကို ဦးဆောင်ခဲ့တယ်လို့  အခိုင်အမာ စွပ်စွဲပြောဆိုတာခံခဲ့ရတယ်လို့ မစ္စတာကူဘိုတာက  သတင်းထောက်တွေကို ပြောပါတယ်။

အသက် ၂၆ နှစ်အရွယ် မစ္စတာကူဘိုတာကို စစ်ကောင်စီရဲ့တရားရုံးက  ထောင်ဒဏ်စုစုပေါင်း ၁၀ နှစ် အမိန့်ချမှတ်ခဲ့ကာ အင်းစိန်အကျဉ်းထောင်မှာ အကျဉ်းချထားခဲ့ပြီး ဂျပန်အစိုးရနဲ့ သံရုံးတာဝန်ရှိသူတွေက သူ့ပြန်လည်လွတ်မြောက်ရေးအတွက် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ရတာဖြစ်ပါတယ်။

နိုဝင်ဘာ ၁၇ ရက်မှာတော့ စစ်ကောင်စီက အကျဉ်းသား ၅၇၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးရာမှာ မစ္စတာ ကိုဘိုတာလည်း အင်းစိန်ထောင်ကနေ ပြန်လွတ်လာပြီး ဂျပန်နိုင်ငံကို ကျန်းမာစွာနဲ့ ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013