DVB Logo
Home
မြန်မာသတင်း
ချောင်းဦးမြို့မရဲစခန်းမှူးလိုက်ပါလာသည့်ကား ၁ စီး မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
November 19, 2022
ချောင်းဦးမြို့မရဲစခန်းမှူးလိုက်ပါလာသည့်ကား ၁ စီး မိုင်းဆွဲတိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာ - ချောင်းဦးလမ်းပိုင်းမှာ ချောင်းဦးမြို့မရဲစခန်းမှူးလိုက်ပါလာတဲ့ အိမ်စီးကားကို နိုဝင်ဘာ ၁၈ ရက် မွန်းတည့် ၁၂ နာရီလောက်က မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ Brave Heart Army  (BHA) က ပြောပါတယ်။

ရဲစခန်းမှူး လိုက်ပါလာတဲ့ Mark-II အိမ်စီးကားဟာ ချောင်းဦးမြို့မရဲစခန်းကနေ ထွက်ခွာလာရာ လမ်းပိုင်းမှာ ပဒေသာမိုင်း ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Brave Heart Army  (BHA) တာဝန်ရှိသူက  "သတင်းရလို့ ကြိုစောင့်တိုက်ခိုက်တာပါ။ ကားကို မိုင်းစထိမှန်ပြီး ပျက်စီးသွားတာ တွေ့လိုက်ရတယ်။ ပျက်စီးပေမဲ့ ကားမရပ်ဘူး။ တန်းမောင်း ပြေးတာ။ မုံရွာမြို့အဝင်က မအူစစ်ဆေးရေးဂိတ်ထဲ ဝင်သွားတယ်လို့ သိရတယ်" လို့ ပြောပါတယ်။

မိုင်းစထိမှန်သွားတဲ့အတွက် ကားဟာ ဘီးပေါက်ကာ မှန်တွေလည်း ကွဲခဲ့ပြီး လိုက်ပါလာတဲ့ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေ ထိခိုက်သေဆုံးနိုင်ပေမဲ့ အခြေနေအသေးစိတ်ကို အတည်ပြုနိုင်ဖို့ စုံစမ်းနေတယ်လို့ သိရပါတယ်။

‌နိုဝင်ဘာ ၁၇ ရက်ကလည်း မုံရွာ - ချောင်းဦးလမ်းပိုင်းရှိ မင်းရွာနဲ့ မြေနဲကျေးရွာကြားမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့တွေကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က မိုင်းဆွဲ တိုက်ခိုက်မှု ၂ ကြိမ်လုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013