Live
Home
မြန်မာသတင်း
ပခုက္ကူမြို့တွင် အငြိမ်းစားစစ်‌ဗိုလ် ၁ ဦး ပစ်သတ်ခံရ
DVB
·
November 18, 2022

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ် ၁၁ ရပ်ကွက်မှာနေထိုင်တဲ့ စစ်တပ် အငြိမ်းစားအရာခံဗိုလ်တဦးကို နိုဝင်ဘာ ၁၈ ရက် ဒီနေ့မနက် ၉ နာရီလောက်မှာ အမျိုးသမီးတဦးက သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “ဘယ်လိုအရှုပ်တွေရှိလို့ လာသတ်တာလဲတော့ မသိဘူး။ သေနတ်နဲ့ ၆ ချက်ပစ်ပြီး သတ်ထားခဲ့တာ။ သူကတော့ အရင်က တပ်မတော်ထဲက အနားယူထားတာလို့ပဲ သိထားရတယ်။ အမည်က ဦးရဲတင့်။ အသက်ကတော့ အတိအကျ မပြောတတ်ဘူး” လို့ ပြောပါတယ်။

သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးတဲ့ ဦးရဲတင့်ဟာ တပ်မ ၁၀၁ ကနေ အရာခံဗိုလ်အဆင့်နဲ့ အငြိမ်းစားယူထားသူတဦးဖြစ်ပြီး လာရောက်ပစ်သတ်သူဟာ ပုဂ္ဂိုလ်ရေးအရ လာရောက်ပစ်သတ်တာလား၊ စစ်ကောင်စီဒေါက်တိုင်ဖြစ်လို့ PDF က လာသတ်တာလား ဆိုတာတော့ အတိအကျ မပြောနိုင်ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ပစ်သတ်ခံရပြီး အလောင်းကို သက်ဆိုင်ရာနဲ့ လူမှုကူညီ‌ရေးအသင်းတို့ ပူးပေါင်းပြီး ဆေးရုံပို့ဆောင်ထားကာ စစ်ကောင်စီကတော့ ၁၁ ရပ်ကွက်အတွင်း စစ်ဆေးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024