DVB Logo
Home
မြန်မာသတင်း
ဒေါ်လာငွေလဲနှုန်း ကျပ် ၂,၉၀၀ အောက်ထိ ပြန်လည်ကျဆင်း
DVB
·
November 18, 2022
ဒေါ်လာငွေလဲနှုန်း ကျပ် ၂,၉၀၀ အောက်ထိ ပြန်လည်ကျဆင်း
Donate to DVB

အမေရိကန်ဒေါ်လာငွေလဲနှုန်းက ပြင်ပနိုင်ငံခြားငွေကြေးစျေးကွက်မှာ နိုဝင်ဘာ ၁၈ ရက် ဒီနေ့ညနေပိုင်းစျေးအရ တဒေါ်လာကို မြန်မာကျပ် ၂,၉၀၀ အောက်ထိ ဈေးကျဆင်းနေတယ်လို့ နိုင်ငံခြားငွေကြေးလဲလှယ်သူတွေထံက သိရပါတယ်။

ကုန်သွယ်ရေး ပို့ကုန်ဝင်ငွေ ၆၅ ရာခိုင်နှုန်းကို ယွမ်/ဘတ်ငွေနဲ့ ဗဟိုဘဏ်ကို ပြန်သွင်းခွင့်ပြုမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ဒီကနေ့ညနေပိုင်းအတွင်း တဒေါ်လာကို ၅၀ ကျပ်ဝန်းကျင် ကျဆင်းခဲ့တာပါ။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က တဒေါ်လာကို ကျပ် ၂,၁၀၀ နှုန်းနဲ့ လဲလှယ်ဖို့ သတ်မှတ်ထားတာ ဖြစ်‌ေပမဲ့ ပြင်ပငွေကြေးဈေးကွက်မှာတော့ နိုဝင်ဘာ ၁၈ ရက် ဒီနေ့မနက်ပိုင်းက တဒေါ်လာကို ၂,၉၄၀ ကျပ်ဝန်းကျင် ရှိခဲ့ပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ရဲ့ ငွေကြေးမူဝါဒအရ ပြည်ပပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်းကို ရည်ညွှန်းသတ်မှတ်စျေးနဲ့ ဗဟိုဘဏ်ကို ရောင်းချပေးရမှာဖြစ်ပြီး ကျန်ရှိတဲ့ ၃၅ ရာခိုင်နှုန်းကို တလအတွင်း ကိုယ်တိုင်အတွက် သုံးစွဲနိုင်သလို သွင်းကုန်လုပ်ငန်းတွေထံ လွှဲပြောင်းရောင်းချရမှာ ဖြစ်ပါတယ်။

ယွမ်နဲ့ ဘတ်ငွေကိုလည်း ဒေါ်လာမူဝါဒအတိုင်း ဗဟိုဘဏ်က ကျင့်သုံးသွားမယ်လို့ လူမှုကွန်ရက်မှာ ဒီက‎နေ့မွန်းလွဲပိုင်းက ထွက်ပေါ်နေတဲ့ သတင်းတွေအရ သိရပါတယ်။

အဲဒီ ထွက်ပေါ်နေတဲ့ ငွေကြေးမူဝါဒဆိုင်ရာ သတင်းတေွအရ ဒေါ်လာစျေး ရုတ်တရက် ထပ်မံကျဆင်းလာခဲ့တာဖြစ်ပေမဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ဒုတိယပတ်ကတည်းက ဒေါ်လာစျေးဟာ တစတစနဲ့ ကျဆင်းနေခဲ့တာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာပထမပတ်က တဒေါ်လာကို ရောင်းစျေး ၃,၁၀၀ ကျပ်ဝန်းကျင်ထိ ရှိခဲ့ပါတယ်။

နိုင်ငံခြားငွေကြေး လဲလှယ်သူတဦးက “အရင်ကတည်းက တဖြည်းဖြည်းချင်း ကျနေတာ။ တဒေါ်လာကို ၃,၀၀၀၊ ၃,၁၀၀ လောက်ကနေ အခု ၂,၉၀၀ ဝန်းကျင်လောက်ပဲ ရှိတော့တယ်” လို့ ပြောပါတယ်။

မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းက သီတင်းနှစ်ပတ်အတွင်းမှာ တဒေါ်လာကို ၁၅၀ ကျပ်ဝန်းကျင်ထိ ကျဆင်းခဲ့ပေမဲ့ ပြည်တွင်းရွှေစျေးကတော့ လိုက်ပါကျဆင်းသွားခြင်း မရှိဘဲ အခေါက်ရွှေတကျပ်သားကို ၂,၆၇၀,၀၀၀ ကျပ်ဝန်းကျင်မှာပဲ စျေးငြိမ်နေတာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013