DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်နှင့် MNDAA တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးဒဏ်ရာရ
DVB
·
November 18, 2022
စစ်ကောင်စီတပ်နှင့် MNDAA တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးဒဏ်ရာရ
1 / 2
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နမ်ပုံကျေးရွာနဲ့ မုံကိုးဒေသတွေမှာ  နိုဝင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေက စစ်ကောင်စီတပ်နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော်-ကိုးကန့် (MNDAA) တပ်တွေအကြား နှစ်ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃၀ ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့ ကိုးကန့်သတင်းဌာန The Kokang သတင်းမှာ ဖော်ပြပါတယ်။

နိုဝင်ဘာ ၁၅ ရက် တိုက်ပွဲမှာ စစ်ကောင်စီဘက်က အင်အား ၇၀ ဝန်းကျင်နဲ့ MNDAA တပ်တွေ နမ်ပုံကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၃ ယောက်သေဆုံးပြီး ၁၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၁၆ ရက်မှာတော့ မုံကိုးဒေသ ရွှေတြိဂံလမ်းမမှာ စစ်ကောင်စီ ယာဉ်တန်းကို MNDAA တပ်ဖွဲ့ဝင်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ကားတစီးပျက်စီးခဲ့ပြီး အနည်းဆုံး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

တနေ့တည်းမှာပဲ စစ်ကောင်စီလက်အောက်ခံ တပ်ရင်း ၂၉၁ က စစ်အင်အား ၁၅၀ နဲ့ နမ်ပုံဒေသတလျှောက် စုဝေးစခန်းချနေတာ သတင်းရလို့ သွားရောက်တိုက်ခိုက်ခဲ့ရာမှာတော့ စစ်ကောင်စီဘက်က တဦးသေဆုံးပြီး တပ်စခန်းအဆောင်တဆောင်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အခုလဆန်းပိုင်းမှာလည်း စစ်ကောင်စီတပ်နဲ့ MNDAA တပ်တွေအကြား လားရှိုးမြို့ဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး MNDAA တပ်ဘက်က ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၂ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အခုလို စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာနဲ့ပတ်သက်ပြီး ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိပါဘူး။

Photo : The Kokang

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013