DVB Logo
Home
မြန်မာသတင်း
ရွာငံမြို့တွင် အသက်မပြည့်သေးသည့် လူငယ် ၂ ဦး ဖမ်းဆီးခံရ
DVB
·
November 18, 2022
ရွာငံမြို့တွင် အသက်မပြည့်သေးသည့် လူငယ် ၂ ဦး ဖမ်းဆီးခံရ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်၊ အလယ်ချောင်ကျေးရွာအနီးမှာ နိုဝင်ဘာ ၁၆ ရက် မနက် ၆ နာရီလောက်က ဆိုင်ကယ်နဲ့ ဈေးဝယ်သွားတဲ့ လူငယ်နှစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “ဖမ်းခံရတဲ့ ကလေးနှစ်ယောက်က မောင်နှမတွေပါ။ အသက်က ၁၅ နှစ်ဝန်းကျင်ပဲ ရှိသေးတယ်။ မနက်အစော ဈေးဝယ်သွားရင်း ဖမ်းခံရတာလို့ကြားတယ်။ ဘာကြောင့်ဖမ်းခံရတာလဲ မသိဘူး။ တချို့ကလည်း လက်နက်တွေပါလို့ ဖမ်းခံရတာလို့ ပြောနေကြတာပဲ။ ကျနော့်အနေနဲ့ အတိအကျမသိပေမဲ့ ဒီကလေးတွေက အသက်တောင် မပြည့်သေးတာ ဘာနားလည်သေးမှာလဲ။ ပြီးတော့ သူတို့တွေက မိဘနဲ့အတူ တောင်သူ လုပ်စားနေကြတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဖမ်းဆီးခံလိုက်ရတဲ့ ကလေးငယ်နှစ်ဦးမှာ အလယ်ချောင်ရွာကဖြစ်ပြီး ဘာကြောင့် ဖမ်းဆီးခံရတယ် ဆိုတာနဲ့ ဘယ်ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးပါဘူး။

ရွာငံမြို့မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့သူတွေကို ဖမ်းဆီးနိုင်ဖို့အတွက် ကင်းပုန်းများချကာ လမ်းသွားလမ်းလာတွေကို စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Photo -Voice Of Pindaya

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013