DVB Logo
Home
မြန်မာသတင်း
မင်္ဂလာဒုံလေဆိပ်လမ်းရှိ စစ်တပ်ဂိတ် ၁ ခု ဗုံးခွဲတိုက်ခိုက်ခံရ
DVB
·
November 18, 2022
မင်္ဂလာဒုံလေဆိပ်လမ်းရှိ စစ်တပ်ဂိတ် ၁ ခု ဗုံးခွဲတိုက်ခိုက်ခံရ
Donate to DVB

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်၊ မင်္ဂလာဒုံလေဆိပ်လမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ လုံခြုံရေးဂိတ်တခုကို နိုဝင်ဘာ ၁၇ ရက် ည ၈ နာရီဝန်းကျင်က အဝေးထိန်းဗုံးတလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ War of Hunter Revolution Force - WOH အဖွဲ့က ထုတ်ပြန်ထားပါတယ်။

မြောက်ဥက္ကလာပဘက်ကနေ မင်္ဂလာဒုံလေဆိပ်သွားတဲ့ နေရာမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ‌‌အဆိုပါဂိတ်အနီးမှာ အမှတ် ၅၀၂ မင်္ဂလာဒုံလေတပ်စခန်းနဲ့ လေဆိပ်ရဲစခန်းတို့လည်း ရှိပါတယ်။

လေဆိပ်ကုန်းတက်လမ်းက သံပြားပေါက်ဂိတ်မှာ ပေါက်ကွဲတာဖြစ်ပြီး အနီးနားက အိမ်တွေပါ တုန်ခါသွားသလို အခုတော့ လူနာတင်ယာဉ်သံ ကြားနေရတယ်လို့ အနီးနားနေထိုင်တဲ့ ဒေသခံတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်ကလည်း လေဆိပ်အနီး ဆယ်မိုင်ကုန်း လုံခြုံရေးကင်းတဲကို ဗုံးပစ်ထည့်ခံခဲ့ရသလို ၂၀၂၂ ခုနှစ် အောက်တိုဘာလတုန်းကလည်း မင်္ဂလာဒုံလေတပ်စခန်းရဲ့ စက်ပြင်ဌာနတခုကို ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်ခံခဲ့ရလို့ စစ်ကောင်စီလေတပ်ဖွဲ့ဝင် ၆ ဦး ထိခိုက်သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရခဲ့ပါသေးတယ်။

အခုတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီဘက်ကလည်း လေဆိပ်တလျှောက် လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013