DVB Logo
Home
မြန်မာသတင်း
တမူး-မိုးရေး နယ်စပ်ဂိတ်ကို ပိတ်ထားသဖြင့် ဒေသခံများ စီးပွားရေးနှင့် အထွေထွေအကျပ်အတည်းကြုံ
DVB
·
November 18, 2022
တမူး-မိုးရေး နယ်စပ်ဂိတ်ကို ပိတ်ထားသဖြင့် ဒေသခံများ စီးပွားရေးနှင့် အထွေထွေအကျပ်အတည်းကြုံ
Donate to DVB

မြန်မာ-အိန္ဒိယနယ်စပ် တမူး-မိုးရေး နယ်စပ်ဂိတ်ကို မဏိပူရပြည်နယ်အစိုးရက  ၃ လ ကြာပိတ်ထားလိုက်တာကြောင့် ဒေသတွင်းပြည်သူတွေ စီးပွားရေးနဲ့ အထွေထွေအကျပ်အတည်းတွေနဲ့ ပိုရင်ဆိုင်လာရဖို့ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တမူး-မိုးရေး နယ်စပ်ဂိတ်ကနေ အိန္ဒိယနိုင်ငံထဲကို တရားမဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားအရေအတွက် တိုးမြင့်လာတာကြောင့် နိုဝင်ဘာ ၁၅ ရက် ကစပြီး ၃လကြာ ဂိတ်ပိတ်မယ်လို့ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်အစိုးရက ကြေညာထားတာပါ။

အိန္ဒိယဘက်က နယ်စပ်ကုန်သွယ်ရေးဂိတ်ကိုပိတ်လိုက်တာကြောင့် နှစ်ဖက်အခြေခံပြည်သူတွေ အထွေထွေအကျပ်အ တည်းတွေနဲ့ပိုပြီးရင်ဆိုင်လာရနိုင်တယ်လို့ တမူးဒေသခံတစ်ယောက်က ပြောပါတယ်။

"ရိက္ခာပိုင်းဆိုင်ရာလည်း အခက်အခဲဖြစ်နိုင်တယ်။ ပြီးတော့ ငွေတန်ဖိုးက ဒီထက် ကျဆင်းသွားနိုင်တယ်။ အိန္ဒိယရူပီးနဲ့ မြန်မာငွေနဲ့က နဂိုကတည်းက ၃၀ လောက်ကွာနေပြီးတဲ့အပြင် အခုလိုလမ်းပိတ်လိုက်တော့ ကုန်သွယ်မှုအသေးစားလေးတွေ စားကုန်သောက်ကုန် အကုန်လုံးရပ်ဆိုင်းသွားမှာဆိုတော့ ခက်ခဲသွားနိုင်တယ်။ သူတို့ဘက်လည်းခက်ခဲသွားနိုင်တာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အခြေခံစားသောက်ကုန်လေးတွေကြတော့ ကျမတို့ဘက်က သီးကုန်လေးတွေကို သူတို့ဘက်ကမှီခိုရတာကိုး။ သူတို့လည်းခက်မယ်။ ကျမတို့လည်းခက်မယ်။” 

စစ်အာဏာမသိမ်းခင်က သဘောတူညီထားတဲ့ နယ်စပ်တလျှောက်လွတ်လပ်စွာသွားလာခွင့် သဘောတူညီချက် FMR  ကိုလည်း နောက်ထပ် ၃ လ ဒါမှမဟုတ် မြန်မာ-အိန္ဒိယနယ်စပ်ဂိတ်တွေ တရားဝင်ပြန်ဖွင့်တဲ့အချိန်အထိ ဆိုင်းငံထားဖို့လည်း  မဏိပူရပြည်နယ်အစိုးရရဲ့ ကြေညာချက်မှာဖော်ပြပါတယ်။

လတ်တလော မြန်မာနိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးဟာ စိုးရိမ်ပူပန်စရာ အခြေအနေဖြစ်ပွားနေတာကြောင့်လို့ မဏိပူရပြည်နယ်အစိုးရကဆိုပါတယ်။

နယ်စပ်ပိတ်လိုက်လို့ နှစ်နိုင်ငံကုန်စည်စီးဆင်းမှု ရပ်တံ့သွားနိုင်ပြီး အိန္ဒိယ ကုန်သယ်တွေနဲ့ နယ်စပ်နေ ပြည်သူတွေရဲ့ ကန့်ကွက်ဆန့်ကျင် ဖိအားပေးမှုတွေကြောင့် မကြာခင် နယ်စပ်ပြန်ဖွင့်ဖို့ မျှော်လင့်တယ်လို့ တမူး-မိုးရေးနယ်စပ်နေ  အမျိုးသမီးတဦးက ပြောပါတယ်။ 

“ကျမကတော့ ၃ လ မကြာခင်ပြေလည်မယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နိုင်ငံသားတွေကလည်း နဂိုကတည်းက စားသောက်ကုန်ကရှားပါးနေတဲ့အချိန်။ ဒီလိုဖြတ်တောက်လိုကမယ်ဆိုရင် ကျမတို့ဆီကကုန်တွေ သူတို့ဆီကိုမရောက်နိုင်တော့ဘူး။ ဟင်းသီးဟင်းရွက်လေးတွေကအစပေါ့။ ဒါဆိုတော့ အခြေခံအောက်ခြေလူတန်းစားက ကျပ်တည်းသွားနိုင်တယ်ဆိုတော့ မကြာခင်သူတို့ဒေသမှာပဲ လမ်းပိတ်တာနဲ့ပတ်သက်ပြီးတော့ ဆန့်ကျင်တာတွေ ကန့်ကွက်တာတွေ တခုခုဖြစ်လာနိုင်တယ်လို့ထင်တယ်။ စစ်ကောင်စီရဲ့ ဖိအားလို့ထင်တယ်။ နဂိုကတည်းက အိန္ဒိယအစိုးရက အရပ်သားအစိုးရဘက်ကို ရပ်တည်မှုမရှိခဲ့ဘူးလေ။ သူတို့ရဲ့စီးပွားရေးက အာဏာရှင်အစိုးရရှိနေမှ ရှင်သန်နိုင်မှာဆိုတော့ ဒီ NUG အစိုးရတက်လာမှာကို သူတို့က သိပ်ပြီးတော့ လိုက်လိုက်လျောလျောမရှိဘူး။ အာဏာရှင်ရဲ့ဖိအားနဲ့ပိတ်တယ်လို့ထင်တာပဲ။"

စစ်ကောင်စီက စစ်ကိုင်းတိုင်းအထက်ပိုင်း အိန္ဒိယနယ်စပ်၊ ချင်းပြည်နယ်စပ်နဲ့ ကချင်ပြည်နယ် နယ်စပ်လမ်းကြောင်းတွေကို ပိတ်ဆို့ပြီး စစ်ကိုင်းတိုင်းထဲက PDF တွေနဲ့ပြည်သူတွေ အကျပ်အတည်းတွေ့ အောင် နည်းမျိုးစုံအသုံးပြုနေသလို ထိုင်း-မြန်မာနယ်စပ် မြဝတီ- မဲဆောက် နယ်စပ်ဂိတ်ကိုလည်း ဖွင့်မပေးဘဲ ဆက်လက်ပိတ်ဆို့ထားပါတယ်။

အိန္ဒိယ၊ မဏိပူရပြည်နယ်အစိုးရက နယ်စပ်ဂိတ်ပိတ်ကြောင်း ကြေညာချက်ထုတ်ချိန် နိုဝင်ဘာ ၁၅ ရက်နေ့မှာပဲ စစ်ကောင်စီက တမူးမြို့နယ် အန္ဒိယ-မြန်မာနယ်စပ်တလျှောက်က PDF စခန်း ၆ ခုကို သာလွန်အင်အားနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် စခန်း ၆ ခုစလုံးယာယီစွန့်လွှတ်ခဲ့ရ တယ်လို့ PDF တွေဘက်က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက PDF စခန်းတွေကို အင်အား ၅၀၀ လောက်အထိအသုံးပြုထိုးစစ်ဆင်ခဲ့ပြီး လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ် နယ်စပ် ကလေးမြို့နယ်ထဲက စစ်ကားနဲ့သံချပ်ကာကားတွေကိုလည်း တမူးမြို့ဘက်ကိုစစ်ကောင်စီက စေလွှတ်ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်ထဲက သိန်းနဲ့ချီတဲ့ စစ်ဘေးသင့်ပြည်သူတွေဟာ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင် ခိုလှုံနေကြရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013