DVB Logo
Home
မြန်မာသတင်း
သပိတ်မှောက် ကျောင်းသားနိုင်ငံရေးအကျဉ်းသားများ အပါအဝင် ၄၀ ကျော် မုံရွာထောင်မှ လွတ်မြောက်
DVB
·
November 17, 2022
သပိတ်မှောက် ကျောင်းသားနိုင်ငံရေးအကျဉ်းသားများ အပါအဝင် ၄၀ ကျော် မုံရွာထောင်မှ လွတ်မြောက်
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်ကနေ အကျဉ်သား ၄၁ ဦးကို စစ်ကောင်စီက နိုဝင်ဘာ ၁၇ ရက် ဒီနေ့မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့  ပြန်လွှတ်ပေးလိုက်တယ်လို့ မုံရွာ နိုင်ငံရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။

အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က အရ အရေးယူထားတဲ့ အနုပညာရှင်တွေနဲ့ ပြစ်ဒဏ်ကျခံနေသူတွေကို လွတ်ငြိမ်းခွင့် ပေးမှာဖြစ်ကြောင်း စစ်ကောင်စီက မနေ့ နိုဝင်ဘာ ၁၆ ရက် ညပိုင်းက ထုတ်ပြန်ပြီး အခုလို လွတ်မြောက်လာပါ။

မုံရွာမြို့ဒေသခံက “ဒီနေ့ မုံရွာထောင်ကနေ လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လွှတ်ပေးလိုက်တာ ၄၁ ဦးပါဗျ။ အများစုကတော့ မုံရွာထောင်ကနေ မြင်းခြံထောင် ပြောင်းရွှေ့ခံရသူအများစု လွတ်လာတယ်ဗျ။ လွတ်လာသူတွေကတော့ မုံရွာခရိုင် ဗကသအတွင်းရေးမှူးဟောင်း မဖူးသိမ့်သိမ့်တုန်၊ မုံရွာသပိတ်ကော်မတီက တကသခေါင်းဆောင်တွေဖြစ်တဲ့ ကိုရှင်းသန့်၊ ကိုရွှေဝင်းအောင်အပြင် ကိုနေဦးလည်း လွတ်မြောက်ပြီလို့ သိရပါတယ်ဗျ။ ဒါ့အပြင် ကိုဇော်သူရိန်ထွန်း (စစ်ကိုင်းတိုင်းကွန်ပြူတာအသင်း၊ ဥက္ကဋ္ဌ)၊ မအေးချမ်းမြေ့၊ ရန်နိုင်ကျော် (ဇာတ်မင်းသား)၊ ရေဦးဝက်အူချောင်းဆိုင်ပိုင်ရှင် အမျိုးသမီးတို့လည်း လွတ်လာကြပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီကတော့ ဒီနေ့ မုံရွာအကျဉ်းထောင်ကိုသွားတဲ့ တမာတန်းလမ်းကို ပိတ်ထားပြီး လုံခြုံရေး တင်းကျပ်နေတယ်လို့ မုံရွာဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းနိုင်ငံရေးသမားတဦးဖြစ်တဲ့ ကိုစိုးဝင်းဆွေက“စဖမ်းကတည်းက မတရားဖမ်းဆီးထားတာမို့ ပြန်လွှတ်ပေးလို့လည်းဘာမှ ကျေးဇူးတင်စရာမရှိဘူးဗျ။ အမှုငယ်၊ လွတ်ခါနီးတွေကို ပြန်လွှတ်ပေးပေမဲ့ သေဒဏ်အမှု ၅၀ လောက်ကို အဆောတလျင် စစ်ဆေးနေတာက  (--) တပ်ရဲ့ စေတနာမှန်ကို ထင်ဟပ်စေတယ်။ သူတို့လက်ကလွတ်တာနဲ့ အဝေးဆုံးကို ပြေးပေတော့၊ မဟုတ်ရင်တော့ မထင် မထင်သလို ပြန်ဖမ်းထည့်နေမှာ ဖြစ်တယ်။ နိုင်ကျဉ်းတချို့အပြင် နိုင်ငံခြားသား လေးဦးကိုပါ လွှတ်ပေးလိုက်တာက ပြည်တွင်း ပြည်ပ ဖိအားတစုံတရာ လျော့ပါးဖို့နဲ့ တိုင်းပြည်ကို သူတို့ထိန်းချုပ်နိုင်ပြီဆိုပြီး ကမ္ဘာကို လှည့်စားချင်လို့သာ ဖြစ်တယ်။ စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်တာ မဟုတ်သေးသရွေ့ အစစ်အမှန် လွတ်မြောက်မှုမဟုတ်၊ ခြင်းထဲကကြက်ကို ခြံထဲလွှတ်ပေးခြင်းသာဖြစ်တယ်။ အစစ်အမှန် လွတ်မြောက်မှုရအောင် ဆက်လက်တိုက်ပွဲဝင်ရမှာပဲ ဖြစ်တယ်” လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်အတွင်းမှာ ယုံကြည်ချက်ကြောင့် နိုင်ငံရေးအကျဉ်းသား ၅၀ ကို သေမိန့်တပ်ပြီး စစ်ဆေးနေတာတွေ ရှိနေကာ အဲဒီ သေမိန့်ကျခံနေရတဲ့ အကျဉ်းသား ၅၀ ကျော်ရဲ့ ဆွေမျိုးတွေကတော့ တရားမျှတတဲ့ ဥပဒေနဲ့ ရိုးသားပြီး ပြည်သူဘက်က‌နေ လုံးဝရပ်တည်တဲ့ တရားသူကြီးကောင်းတွေကို မျှော်လင့်နေကြတယ်လို့ မိသားစုဝင် အများစုက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013