DVB Logo
Home
မြန်မာသတင်း
မင်းလှမြို့နယ် စစ်တပ်နှင့် ရဲစခန်းအနီး Failed Law လှုပ်ရှားမှုပြုလုပ်
DVB
·
November 17, 2022
မင်းလှမြို့နယ် စစ်တပ်နှင့် ရဲစခန်းအနီး Failed Law လှုပ်ရှားမှုပြုလုပ်
1 / 8
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်တပ်နဲ့ ရဲစခန်း အပါအဝင် နေရာ ၅ ခုရဲ့ ဆိုင်းဘုတ်တွေရှေ့မှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ ဒေသခံပြည်သူတွေက Failed Law လှုပ်ရှားမှုကို နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

မင်းလှမြို့နယ် စိန်ကန့်လန့်ရွာမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ အမှတ် ၁ ခြေလျင်တပ်ရင်းရှေ့၊ ရန်ကုန်-ပြည် ကားလမ်းဘေးနဲ့ မင်းလှမြို့ အထွေထွေအုပ်ချုပ်ရေးရုံး၊ စစ်မှုထမ်းဟောင်းရုံးနဲ့ မြို့မရဲစခန်းရှေ့တွေမှာ ပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလိုလုပ်ရတာဟာ အာဏာသိမ်းပြီးနောက် ယိုယွင်းပျက်စီးလာတဲ့ တရားဥပဒေစနစ်ကို ဆန့်ကျင်တဲ့အပြင် စစ်ကောင်စီက ဦးဆောင်ပြုလုပ်မယ့် ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ မတရားတဲ့ အမိန့်အာဏာဟူသမျှကို ရတဲ့နည်းလမ်းတွေနဲ့ ဆန့်ကျင်ဖို့ တော်လှန်ရေးအသိ တော်လှန်ရေးသတိ အမြဲရှိနေစေဖို့ ရည်ရွယ်ပြီး FAILED LAW လှုပ်ရှားမှုကို ရန်ကုန်လူထုသပိတ်က နိုဝင်ဘာ ၁၂ ရက်နေ့က စတင်ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံထဲက မြို့နယ်အသီးသီးမှာ အခုလှုပ်ရှားမှုကို ပြုလုပ်လာကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013