DVB Logo
Home
မြန်မာသတင်း
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေး ပြန်လည်လွတ်မြောက်၊ ပြည်သူနှင့်အတူရှိနေဟု ပြော
DVB
·
November 17, 2022
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေး ပြန်လည်လွတ်မြောက်၊ ပြည်သူနှင့်အတူရှိနေဟု ပြော
1 / 2
Donate to DVB

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်တဲ့  ဦးမြအေးဟာ  ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်ကနေ  နိုဝင်ဘာ ၁၇ ရက်ဒီကနေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာပါတယ်။

အကျဉ်းထောင်က ပြန်လွတ်လာတဲ့ ဦးမြအေးက "ကျနော် မြန်မာပြည်သူတွေနဲ့ အတူတူရှိပါတယ်။ အမြဲတမ်း အတူတူရှိပါတယ်"လို့ ထောင်မှ လွတ်လွတ်ချင်း ကားပေါ်ကအဆင်း  ပြည်သူတွေကို သတင်းစကားပါး လိုက်ပါတယ်။

အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီလကတည်းက  ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်  ဦးမြအေးကို  ဘာအပြစ်မှမရှိဘဲ  စစ်တပ်က ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

ဒီနောက် ၅၀၅(ဂ)နဲ့ တရားစွဲပြီး  အင်းစိန်ထောင်တွင်း တရားရုံးမှာ လပေါင်းများစွာ ရုံးထုတ်ပြီးနောက်  ၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်  ဦးမြအေးရဲ့မွေးနေ့မှာ  ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခဲ့တာပါ။

နိုဝင်ဘာလ ၁၇ ရက် မှာကျရောက်တဲ့ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ်  နိုင်ငံရေးအကျဉ်းသားတချို့ အပါအဝင် နိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံနေ ရတဲ့ အကျဉ်းသား  ၅၇၀၀ ကျော်ကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့  စစ်ကောင်စီက ကြေညာထားပါတယ်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်သူတွေထဲမှာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စု  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေး၊  တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၊  ပန်းချီဆရာ ထိန်လင်း၊ လူရွှင်တော် ဟာသ သရုပ်ဆောင် ဆင်မ ၊ စာရေးဆရာမောင်သာချို၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်၊ ဝါရင့် ရှေ့နေကြီး ဦးကျော်ဟိုး စသူတွေ ပါဝင်ပါတယ်။

ဩစတြေးလျ နိုင်ငံသား  စီးပွားရေးပညာရှင် ပါမောက္ခ မစ္စတာရှောင်တာနယ်၊ ဗြိတိန်နိုင်ငံသူ  မစ္စဗစ်ကီဘိုမင်၊ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ တိုရူကူဘိုတာနဲ့ အမေရိကန်နိုင်ငံသား ကိုကျော်ဌေးဦး တို့လည်း ပြန်လွှတ်ပေးမယ့်စာရင်းမှာ ပါဝင်တာဖြစ်ပါတယ်။

ဒါ့အပြင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆို ထားတဲ့  ရုပ်ရှင်မင်းသမီး ဖွေးဖွေးနဲ့ အဆိုတော် နီနီခင်ဇော်တို့အပါအဝင်  အနုပညာရှင် ၁၁ ဦးကိုလည်း စွဲဆိုထားတဲ့ အမှုတွေကို ပိတ်သိမ်းခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၆ ရက်အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ အရပ်သားပြည်သူ စုစုပေါင်း ၁၃၀၁၅ ဦးရှိပြီး ၁၆၄၈ ဦးဟာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

Photo-MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013