DVB Logo
Home
မြန်မာသတင်း
ဘားအံမြို့(တောင်ကလေး)အကျဉ်းထောင်မှ အကျဉ်းသား ၇၅ ဦးလွတ်မြောက်
DVB
·
November 17, 2022
ဘားအံမြို့(တောင်ကလေး)အကျဉ်းထောင်မှ အကျဉ်းသား ၇၅ ဦးလွတ်မြောက်
1 / 2
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့(တောင်ကလေး)အကျဉ်းထောင်ကနေ ပြစ်ဒဏ်  ၆ လကျန်ရှိနေတဲ့ အကျဉ်းသား ၇၅ ဦးဟာ နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းက လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောပါတယ်။

အမျိုးသားအောင်ပွဲနေ့မှာ နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရသူတွေအပါအဝင် အကျဉ်းသား ၅၇၀၀ ကျော် လွတ်ပေးမယ်လို့ စစ်ကောင်စီက  ကြေညာပြီးနောက်ပိုင်း ဘားအံမြို့(တောင်ကလေး)အကျဉ်းထောင်ကနေ အကျဉ်းသား ၇၅ ဦးပြန်လွှတ်ပေးတာဖြစ်ပြီး  ဒီအထဲမှာ နိုင်ငံရေးအကျဉ်းသားတချို့လည်း ပါဝင်တယ်လို့ဆိုပါတယ်။

ဘားအံမြို့ခံ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက “အခုပြန်လွတ်တဲ့လူတွေက ပြစ်ဒဏ် ၆ လကျန်တဲ့သူတွေကိုပဲ လွှတ်ပေးတာ။ နိုင်ငံရေးမှုနဲ့ လွတ်တဲ့သူက ဘယ်နှယောက်ဆိုတာ မသိရသေးဘူး။ အနည်းငယ်လောက်ပဲလွှတ်တယ်ဆိုတာလောက်ပဲ သိရသေးတယ်။ အခုက စုံစမ်းနေတုန်း”လို့ ပြောပါတယ်။

ပုဒ်မ ၅၀၅-က နဲ့  နိုင်ငံရေးအကျဉ်းသား အယောက် ၅၀ လောက်လွတ်မြောက်ခဲ့ရာ ကရင်လူငယ်ခေါင်းဆောင် စောလင်းထက် အပါအဝင် အမျိုးသား ၃၂ ယောက်နဲ့ အမျိုးသားသမီး အယောက် ၂၀ လောက် ပြန်လည်လွတ်မြောက်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောပါတယ်။

တောင်ကလေးအကျဉ်ထောင်မှာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် အပါအဝင် ဝန်ကြီးတွေ၊ NLD ပါတီဝင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားတွေနဲ့  ပြည်သူတွေကို စစ်ကောင်စီက အပြစ်မရှိဘဲ မတရားဖမ်းဆီးပြီး ပုဒ်မအမျိုးမျိုးနဲ့ တရားရင်ဆိုင်နေရသူတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူ စုစုပေါင်း ၂၀၀ နီးပါးကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁ ရက်ကလည်း ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် ၂ နှစ်စီချမှတ်ခံထားရတဲ့ ဦးဘိုဘိုဝေမောင်(ကရင်ပြည်နယ် လူမှုရေး၀န်ကြီးဟောင်း)၊ ခွန်မျိုးတင့် (ပအိုဝ်းတိုင်းရင်းသားရေးရာ၀န်ကြီးဟောင်း)၊ ဦးမင်းကိုခိုင်(လူ၀င်မှုကြီးကြပ်ရေး၊ ပြည်သူ့အင်အားဌာန၀န်ကြီးဟောင်း )တို့ လွတ်ရက်စေ့ပြီးပြန်လွတ်လာပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက  တောင်ကလေးအကျဉ်းထောင်မှာ ထောင်ဒဏ် ၁၃ နှစ်စီပြစ်ဒဏ်ကျခံနေရတဲ့ ဘားအံတက္ကသိုလ် ကျောင်းသား ၉ ဦးကို ပဲခူးတိုင်း၊ သာယာဝတီအကျဥ်းထောင်ကို ပြောင်းရွေ့ခဲ့သလို ပုဒ်မ ၅၀၅-ကနဲ့  ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတချို့ကို မကွေးတိုင်း၊ သရက်အကျဥ်းထောင်သို့  ထပ်မံပြောင်းရွှေ့ခဲ့ပါတယ်။

ဘားအံတက္ကသိုလ် ကျောင်းသားတွေနဲ့ ပုဒ်မ ၅၀၅ -ကနဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေဟာ ရည်ရွယ်ချက်ရှိရှိ ပြောင်းရွှေ့ခံခဲ့ပြီးနောက် သက်ဆိုင်ရာ ထောင်အာဏာပိုင်တွေရဲ့ ရိုက်နှက်နှိပ်စက်တာ၊ တိုက်ပိတ်တာတွေခံခဲ့ရတယ်လို့ ဘားအံတက္ကသိုလ် ကျောင်းသားသမဂ္ဂက ထုတ်ပြန်ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၆ ရက်အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ အရပ်သားပြည်သူ စုစုပေါင်း ၁၃၀၁၅ ဦးရှိပြီး ၁၆၄၈ ဦးဟာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013