DVB Logo
Home
မြန်မာသတင်း
ကေအိုင်အေထံ ခိုလှုံလာသည့် CDM စစ်သားနှင့် ရဲ ၅၀၀ ကျော်အထိရှိလာ
DVB
·
November 17, 2022
ကေအိုင်အေထံ ခိုလှုံလာသည့် CDM စစ်သားနှင့် ရဲ ၅၀၀ ကျော်အထိရှိလာ
Donate to DVB

စစ်ကောင်စီလက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်း မရှိတာကြောင့် ဗိုလ်မှူးအဆင့်ရှိသူ အပါအဝင် စစ်သားနဲ့ ရဲ ၅၀၀ ကျော်  ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ဆီကို ဝင်ရောက်ခိုလှုံလာခဲ့တယ်လို့ ကချင်ဒေသပြည်သူရင်ခွင် ခိုလှုံရေးကော်မတီ တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

ရဲတပ်ဖွဲ့ကနေ အာဏာဖီဆန်ရေးလုပ်လာတဲ့သူတွေထဲမှာ ရဲအုပ်အဆင့် ရာထူးအထိပါဝင်ပြီး CDM လုပ်လာတဲ့သူအားလုံးကို သီးသန့်စခန်း ၂ နေရာ ပြုလုပ်ပေးထားသလို လွတ်လပ်စွာ နေထိုင်ခွင့်လည်းပြုထားတယ်လို့ ဆိုပါတယ်။

ကေအိုင်အေ အနေနဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု ပြုလုပ်လာတဲ့သူတွေကို သီးသန့်စီမံချက်အရ တာဝန်ယူတာ မဟုတ်ပေမယ့် အာဏာရှင်စစ်တပ်အောက်မှာ တာဝန်မထမ်းဆောင်ချင်လို့ အားကိုးတကြီးနဲ့ ခိုလှုံဝင်ရောက်လာတဲ့သူတွေအားလုံးကို အခက်ခဲမရှိအောင် လူသားချင်းစာနာထောက်ထားမှုအရ ကူညီဆောင်ရွက်ပေးတာလို့ အဲဒီကော်မတီ တာဝန်ရှိသူက ပြောပါတယ်။

အာဏာဖီဆန်သူတွေအနေနဲ့ စစ်ကောင်စီကို လက်နက်ကိုင်ပြီး ပြန်လည်ခုခံတော်လှန်ချင်ပါက လက်နက်ပြန်လည်ကိုင်ဆောင်ခွင့်ပေးထားပြီး လက်ရှိရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲ ဝင်နေသူလည်း ရှိတယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခု ဖေဖော်ဝါရီကနေ ဒီကနေ့အချိန်ထိ အဖွဲ့အစည်းအသီးသီးဆီကို ဝင်ရောက်ခိုလှုံပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှုပြုလုပ်ထားတဲ့ စစ်သားနဲ့ ရဲ ၁၀၀၀၀ နီးပါးရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်မှာ တာဝန်ထမ်းဆောင်နေတယ်လို့ ပြည်သူ့ရင်ခွင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013