DVB Logo
Home
မြန်မာသတင်း
ပုသိမ်တွင် NUG အွန်လိုင်းကျောင်းတက်သည်ဟု စွပ်စွဲပြီး ကျောင်းသား ၁၂ ဦးထက်မနည်း စစ်ကောင်စီဖမ်းဆီး
DVB
·
November 17, 2022
ပုသိမ်တွင် NUG အွန်လိုင်းကျောင်းတက်သည်ဟု စွပ်စွဲပြီး ကျောင်းသား ၁၂ ဦးထက်မနည်း စစ်ကောင်စီဖမ်းဆီး
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သင်ကြားပေးနေတဲ့ ဖက်ဒရယ် အခြေခံပညာရေး အွန်လိုင်းပညာသင်ကျောင်းကို တက်နေတယ်ဆိုပြီး ကျောင်းသား ၁၂ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၁၂ ရက်က စတင်ပြီး ၁၅ ရက်နေ့အထိ ၉ တန်းနဲ့ ၁၀ တန်း ကျောင်းသား ကျောင်းသူ ၁၂ ဦးထက်မနည်းကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ရဲစခန်းနဲ့ နီးစပ်သူတဦးက “NUG ရဲ့ ပညာရေး အွန်လိုင်းကျောင်းတက်လို့ဆိုပြီး ဖမ်းတာ။ ၉ တန်း၊ ၁၀ တန်း ကလေးတွေ ဖမ်းခံရတာပါ။ ကျနော်သိရသလောက် အားလုံး ၁၂ ဦးရှိပြီ” လို့   ပြောပါတယ်။

အထက်တန်းကျောင်းသား ၉ ဦးနဲ့ ကျောင်းသူ ၃ ဦးတို့ဟာ NUG အွန်လိုင်းပညာရေးကျောင်း တက်တယ်ဆိုတဲ့ အကြာင်းပြချက်နဲ့ ဖမ်းဆီးခံထားရပြီး စစ်ကောင်စီတပ်က ပုသိမ်မြို့မရဲစခန်းမှာ စစ်ဆေးနေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း NUG ပညာရေးသင်တန်းကျောင်း တက်လို့ဆိုပြီး ကျောင်းသားတဦးကို စစ်ကောင်စီတပ်က တလနီးပါးလောက်ကြာအောင် ဖမ်းဆီး စစ်ဆေးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013