DVB Logo
Home
မြန်မာသတင်း
ပြည်မြို့အကျဉ်းထောင်မှ သတင်းထောက် ၁ ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၃၀ ကျော် ပြန်လွတ်
DVB
·
November 17, 2022
ပြည်မြို့အကျဉ်းထောင်မှ သတင်းထောက် ၁ ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၃၀ ကျော် ပြန်လွတ်
Donate to DVB

နိုဝင်ဘာ ၁၇ ရက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ပြည်မြို့ အကျဉ်းထောင်ကနေ သတင်းထောက်တယောက် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၃၂ ယောက် လွတ်မြောက်လာတယ်လို့ ဒေသခံနိုင်ငံရေးအကျဉ်းသား မိသားစုအသိုက်အဝန်းကနေ သိရပါတယ်။

ဒီကနေ့ ပြန်လွတ်လာသူတွေ  အများစုဟာ ရာဇသတ်ကြီး ပုဒ်မ  ၅၀၅ -က နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့် ချမှတ်ခံထားရတဲ့ လွတ်ရက်စေ့ခါနီး နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်ကြပြီး  အလွတ်တန်းသတင်းထောက် ကိုလပြည့်လည်း ပါဝင်ပါတယ်။ 

ဒေသခံ နိုင်ငံရေးအကျဉ်းသားတယောက်က “သတင်းထောက်က ကိုလပြည့်ရယ်၊ သူက အရင်က VOM မှာ ရေးတယ်။ နောက်တော့ Freelance သတင်းထောက်အဖြစ် ဆက်လုပ်နေတာ အဖမ်းခံရတဲ့အထိပေါ့။ အခု သူလည်း လွတ်တယ်။ အခု လွတ်လာသူတွေအများစုက ၅၀၅ ပုဒ်မတွေနဲ့ အမိန့် ၂ နှစ်ချထားပြီသူတွေကိုသာ လွှတ်ပေးတာ။ အကုန်လွတ်နီးတွေပါ။ ပထမ ကြားတာက ၃၄ ယောက် အခုမနက် ၁၀ နာရီလောက်မှာ စလွှတ်တာ။ တကယ်လွှတ်တော့ ၃၂ ယောက်ပဲ လွှတ်တယ်။” 

အသက်အရွယ်ကြီးနေပြီး ကျန်းမာရေးမကောင်းတဲ့ ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဝင်းနဲ့ ရွှေတောင်မြို့က ဦးမောင်စိုးတို့ကတော့ လာမယ့် နိုဝင်ဘာ၂၄ ရက်မှာ လွတ်ရက်စေ့တော့မှာဖြစ်ပေမဲ့  ပြန်လွတ်မလာသေးဘူးလို့လည်း  ဒေသခံ နိုင်ငံရေးအကျဉ်းသားဟောင်းက ပြောပါတယ်။

နိုင်ငံခြားသား ၄ ယောက်နဲ့  အနုပညာရှင်တွေ အပါအဝင် နိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား  ၅၇၀၀ ကျော်ကို နိုဝင်ဘာလ ၁၇ ရက် မှာကျရောက်တဲ့ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့  စစ်ကောင်စီက ကြေညာထားပါတယ်။

ပြည်မြို့ အကျဉ်းထောင်မှ ပြန်လွတ်လာသူစာရင်း—

၁။ ကိုရန်နိုင်အောင်

၂။ ကိုရွှေဖြိုးအောင်

၃။ ကိုအောင်မြင်သူ

၄။ ကိုဝေယံထွန်း (ခ) ဂျူးနိုက်

၅။ ကိုထက်အောင်ဝင်း (ခ) ပုကျူနိုင်

၆။ ကိုညီညီဇော် (ခ) စတီး

၇။ ကိုကျော်ဆန်း 

၈။ ကိုမြင့်မြတ်ထက် (ခ) ကြွက်မြှီး

၉။ ကိုစောခေးယူ

၁၀။ ကိုနိုင်လင်းထက်

၁၁။ ကိုဇွဲမန်ဦး

၁၂။ ကိုမြတ်မင်းခန့်

၁၃။ ကိုထူးခန့်အောင်

၁၄။ ကိုစိုပြေထက်

၁၅။ ဦးအယ်မောင်

၁၆။ ကိုအလီဘိုင်

၁၇။ အေးချမ်းအောင်

၁၈။ ကိုမောင်ထွေး

၁၉။ ကိုတင်စိုးဝင်း

၂၀။ ကိုလပြည့်ပိုင် (ခ) လပြည့်

၂၁။ ကိုဇော်မျိုးဝင်း

၂၂။ ကိုချစ်မိုးဦး

၂၃။ ကိုကျော်နိုင် ၁ 

၂၄။ ကိုဝင်းလှိုင်

၂၅။ ကိုမျိုးမင်းအောင်

၂၆။ ကိုအောင်ဌေး

၂၇။ ကိုအောင်နိုင်

၂၈။ ကိုဇော်မျိုးဝင်း

၂၉။ ကိုဝင်းနိုင်

၃၀။ ကိုအေးလွင်

၃၁။ ကိုထွန်းမင်းသွင်

၃၂။ မသန္တာလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013