DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံရသည့် မိုးမောက် ဂျခန်းဒပ်ကျေးရွာဆယ်အိမ်မှူးနှင့် အဆက်သွယ်မရသဖြင့် မိသားစု စိုးရိမ်
DVB
·
November 16, 2022
ဖမ်းဆီးခံရသည့် မိုးမောက် ဂျခန်းဒပ်ကျေးရွာဆယ်အိမ်မှူးနှင့် အဆက်သွယ်မရသဖြင့် မိသားစု စိုးရိမ်
Donate to DVB

စစ်ကောင်စီတပ်သားတွေ ခေါ်ဆောင်သွားတဲ့ မိုးမောက်မြို့နယ် ဂျခန်းဒပ်ကျေး ဆယ်အိမ်မှူးတဦး လွတ်မြောက်လာခြင်းမရှိသလို မိသားစုနဲ့လည်း အဆက်အသွယ်မရသေးဘူးလို့  ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် ဂျခန်းဒပ်ကျေးရွာက ဆယ်အိမ်မှူးတဦးကို နိုဝင်ဘာ ၁၃ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီစစ်ကြောင်းတခု ရွာထဲ ရုတ်တရက်ရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားတာလို့ မိုးမောက် ဒေသခံတဦးက ပြောပါတယ်။

“တနင်္ဂနွေ မနက်က စစ်ကြောင်း (စကစ) က ရွာထဲ ရုတ်တရက်ရောက်လာပြီးလာပြီးတော့ တွေ့သမျှ ယောကျ်ားတွေကို ခေါ်စုပြီးတော့ အဲထဲကနေ ဆယ်အိမ်မှူးကို ဖမ်းခေါ်သွားတာ။ အဲနေ့ကနေ အခုထိ ပြန်လည်း မလွတ်လာသေးဘူး၊ အဆက်အသွယ်မရသေးဘူးတဲ့။ ဗန်းမော်က တပ်ကို ခေါ်သွားတယ်လို့တော့ သတင်းရတယ်တဲ့။" 

ဖမ်းဆီးခေါ်ဆောင်သွားတုန်းက စစ်ဆေးပြီး ပြန်လွှတ်ပေးမယ်လို့ ရွာခံတွေကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အမျိုးသားဟာ ဗန်းမော် စ.က.ခ (၂၁) မှာ ရောက်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဖမ်းဆီးခံ အမျိုးသားဟာ လယ်လုပ်ငန်းနဲ့ လက်သမားအလုပ်လုပ်ကိုင်နေပြီး ဂျခန်းဒပ်ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် နှစ်ကြိမ် ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။ ဂျခန်းဒပ်ကျေးရွာဟာ မိုးမောက်မြို့ကနေ  ၅ မိုင်အကွာမှာရှိတဲ့ ကျေးရွာဖြစ်ပါတယ်။

မိုးမောက်မြို့ပတ်ဝန်းကျင်တွေကို လွန်ခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်ကစတင်ပြီး လုံဂျာ၊ ဝဝမ်တောင်ကြောကို စစ်ကောက်စီက ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီ အခုအချိန်ထိ စစ်ရေးတင်းမာနေဆဲ ဖြစ်သလို ဒေသခံ ပြည်သူတွေကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်တာနဲ့ နေအိမ်တွေကနေ ငွေကြေးနဲ့ ပစ္စည်းတွေ လုယူခံရတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောတယ်။

စစ်ကောင်စီတပ်သားတွေက နိုဝင်ဘာ ၁၁ ရက်နေ့မှာလည်း မိုးမောက်မြို့ အ.ထ.ကကျောင်းရှေ့က နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013