DVB Logo
Home
မြန်မာသတင်း
စင်ကာပူအလုပ်ရှင်ကို ဓားဖြင့်ထိုးသတ်မှုဖြင့် မြန်မာအိမ်အကူအမျိုးသမီး ထောင်ဒဏ် ၁၆ နှစ်ကျ
DVB
·
November 15, 2022
စင်ကာပူအလုပ်ရှင်ကို ဓားဖြင့်ထိုးသတ်မှုဖြင့် မြန်မာအိမ်အကူအမျိုးသမီး ထောင်ဒဏ် ၁၆ နှစ်ကျ
Donate to DVB

စင်ကာပူနိုင်ငံမှာ မျက်နှာကို တံတွေးနဲ့ထွေးခဲ့တဲ့ အသက် ၉၅ နှစ်အရွယ် အလုပ်ရှင်ကို ဓားနဲ့ထိုးသတ်ခဲ့မှုနဲ့ မြန်မာအိမ်အကူအမျိုးသမီးတယောက်  ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခံရတယ်လို့ The Strait Times သတင်းစာမှာ ဖော်ပြပါတယ်။ 

အသက် ၉၅ နှစ်အရွယ် အလုပ်ရှင်ရဲ့ မျက်နှာကို ဓားတစ်ချောင်း၊ လည်ပင်းကို တခြား ဓားတစ်ချောင်းနဲ့ ထိုးခဲ့တဲ့ မြန်မာအိမ်အကူအမျိုးသမီးကို နိုဝင်ဘာလ ၁၅ ရက်  ဒီကနေ့မှာ တရားရုံးက ထောင်ဒဏ် ၁၆ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့ ၂၀၂၀ ဇူလိုင်လ ၆ ရက် မနက်ပိုင်းမှာ မဒမ်အန်းပက်ချိုင် အမည်ရ အလုပ်ရှင်အမျိုးသမီးကြီးက မျက်နှာကို တံတွေးနဲ့ထွေးခဲ့တာကြောင့် အိမ်အကူအမျိုးသမီး စန္ဒာထူးဟာ ဒေါသထွက်ခဲ့ပြီး အမျိုးသမီးကြီးကို သင်ခန်းစာပြန်ပေးချင်ခဲ့တယ်လို့ ဝန်ခံထွက်ဆိုခဲ့ပါတယ်။

အဲဒီနောက် မွန်းလွဲ ၁ နာရီကျော်လောက်မှာ အလုပ်ရှင်အမျိုးသမီးကြီးရဲ့ နှစ်ဆောင်ပြိုင် နှစ်ထပ်အိမ်မှာပဲ ဓားထိုးမှုဖြစ်ပွားခဲ့ပါတယ်။ အဲဒီအမျိုးသမီးကြီးဟာ အဲဒီအိမ်မှာ အသက် ၇၈ နှစ်အရွယ် သားနဲ့အတူ နေထိုင်တာဖြစ်ပါတယ်။ 

ပြစ်မှုကျူးလွန်သူ အမျိုးသမီးဟာ အသက် ၅၁ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ဆံပင်တွေတောင် ဖြူနေပေမဲ့ အထောက်အထားစာရွက်စာတမ်းတွေမှာတော့ အသက် ၃၆ နှစ်လို့ ဖော်ပြထားပါတယ်။ သူဟာ အလုပ်မရမှာစိုးတာကြောင့် အလုပ်ရှာဖွေပေးတဲ့ အေဂျင်စီကို အသက်လိမ်ခဲ့တာလို့ ဆိုပါတယ်။

ပြစ်မှုကျူးလွန်ခဲ့တဲ့ စန္ဒာထူးဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ စင်ကာပူနိုင်ငံကို ရောက်ရှိခဲ့တာဖြစ်ပြီး သူ့ရဲ့ ဒုတိယမြောက်အလုပ်ရှင်ဖြစ်တဲ့ မဒမ်အန်းဆီမှာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလကစတင်ကာ အလုပ်ဝင်ခဲ့တာဖြစ်တယ်လို့ လက်ထောက်အစိုးရရှေ့နေ ဂရေ့စ်ဟွားက တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

စန္ဒာထူးရဲ့ တာဝန်ဟာ လမ်းကောင်းကောင်းမလျှောက်နိုင်ဘဲ လေးချောင်ထောက် လမ်းလျှောက်အကူကို အသုံးပြုနေရတဲ့ မဒမ်အန်းကို စောင့်ရှောက်ဖို့နဲ့ အိမ်မှုကိစ္စတွေ ဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်။

အခင်းဖြစ်ခဲ့တဲ့ မနက် ၈ နာရီဝန်းကျင်မှာ မဒမ်အန်းက စန္ဒာထူးရဲ့ မျက်နှာကို တံတွေးနဲ့ထွေးပြီး အကျင့်မကောင်းတဲ့ မြန်မာအိမ်ဖော်မလို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီနောက် မွန်းလွဲ ၁ နာရီကျော်အချိန်မှာ မဒန်အန်းက နေ့လယ်ခင်း တရေးအိပ်နေခဲ့ပြီး သူ့ရဲ့သားကလည်း အိမ်အပြင်ကို ထွက်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ စန္ဒာထူးဟာ အသွား စင်တီမီတာ ၃၀ ရှိတဲ့ ဓားတစ်ချောင်းနဲ့ အသွား၁၈ စင်တီမီတာရှိတဲ့ ဓားတစ်ချောင်းတို့ကိုယူပြီး မဒမ်အန်း အိပ်နေတဲ့ အခန်းထဲကို ဝင်သွားခဲ့ပါတယ်။ အဲဒီနောက် ဓားတစ်ချောင်းနဲ့ မဒမ်အန်းရဲ့ ပါးစပ်ထဲကို ထိုးခဲ့ပြီး နောက်တချောင်းနဲ့ မဒမ်အန်းရဲ့ ဘယ်ဘက်လည်ပင်းကို ထိုးသွင်းခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် အနီးအနားမှာနေတဲ့ မဒမ်အန်းရဲ့ တခြားသားသမီးတွေ မသိခင်မှာ စန္ဒာထူးက ခြံစည်းရိုးကို ကျော်ထွက်ခဲ့ပြီး ရဲစခန်းကို ပို့ပေးဖို့ လမ်းမှာတွေ့သူကို အကူအညီတောင်းခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလူက Grab တက္ကစီနဲ့ စန္ဒာထူးကို ရဲ့စခန်းကို လိုက်ပို့ခဲ့ကြောင်း ရဲစခန်းရောက်ချိန်မှာ သူဟာ သက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦးကို သတ်ခဲ့ကြောင်းနဲ့ သတ်ခဲ့တဲ့ပုံစံတွေကို ပြန်လုပ်ပြခဲ့ကြောင်း သိရပါတယ်။

မဒမ်အန်းဟာ နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး စန္ဒာထူးကို လူသတ်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ ဒါပေမဲ့ စန္ဒာထူးဟာ စိတ်ဖိစီးမှုကို ခံနိုင်ရည်မရှိတဲ့ စိတ်ကျဝေဒနာခံစားနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး ပြစ်ဒဏ်လျှော့ချသတ်မှတ်ခဲ့ပါတယ်။

သူ့ရဲ့ပြစ်မှုအတွက် အနည်းဆုံး ထောင်ဒဏ်နှစ် ၂၀ နဲ့ ဒဏ်ငွေကနေ ထောင်ဒဏ် တစ်သက်အထိ ကျခံရနိုင်ခြေရှိပေမဲ့  စန္ဒာထူးကို စင်ကာပူတရားရုံးက ထောင်ဒဏ် ၁၆ နှစ်ချမှတ်ကြောင်း  The Strait Times သတင်းမှာ ဖော်ပြထားပါတယ်။

Ref- The Strait Times

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013