DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်၌ တရားဥပဒေ ပျက်စီးနေမှုကို ပြသသည့် Failed Law လှုပ်ရှားမှု နေရာအနှံ့ပြုလုပ်
DVB
·
November 15, 2022
မြန်မာပြည်၌ တရားဥပဒေ ပျက်စီးနေမှုကို ပြသသည့် Failed Law လှုပ်ရှားမှု နေရာအနှံ့ပြုလုပ်
1 / 8
Donate to DVB

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ တရားဥပဒေ မရှိတော့ဘဲ ပျက်စီးနေတာကို  ဖော်ထုတ်ပြသတဲ့ Failed Law လှုပ်ရှားမှုတွေကို ရန်ကုန် အပါအဝင် တခြားမြို့နယ်တွေမှာလည်း နိုဝင်ဘာလ ဒုတိယပတ်ကစပြီး ဆက်တိုက်ပြုလုပ်နေပါတယ်။

အဲဒီလှုပ်ရှားမှုကို နိုဝင်ဘာ ၁၂ ရက်က စတင်ပြုလုပ်ခဲ့ကြတာဖြစ်ပြီး စက္ကူအဖြူပေါ်မှာ မှင်အနီနဲ့ ရေးသားထားတဲ့ Failed Law စာသား၊ စတစ်ကာတွေကို YBS ကားတွေပေါ် ကပ်ပြီး တရားရုံးတွေနဲ့ အထင်ကရနေရာတွေမှာ Failed Law ပုံ နောက်ခံရိုက်ပြီး စတင်ခဲ့တာပါ။

နိုဝင်ဘာ ၁၂ ရက်မှာ တော်လှန်လူငယ် Demon အဖွဲ့က ကားတွေပေါ်မှာ စတင်ခဲ့ပြီး နိုဝင်ဘာ ၁၃ ရက်နေ့မှာ ရန်ကုန်လူထုသပိတ် အပါအဝင် ကျောင်းသားအဖွဲ့အစည်းတွေက Failed Law Failed Education လှုပ်ရှားမှုတွေကို ဆက်တိုက်ပြုလုပ်လာပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ရန်ကုန်မြို့အပါအဝင် ရှမ်းပြည်နယ်တွေမှာလည်း အခုလှုပ်ရှားမှုကို ဆက်လက် ပြုလုပ်လာခဲ့ကြတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေအရ သိရပါတယ်။

Failed Law လှုပ်ရှားမှုနဲ့အတူ စစ်ကောင်စီကကျင်းပမယ့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ မတရားတဲ့ အမိန့်အာဏာမှန်သမျှ နည်းပေါင်းစုံနဲ့ တွန်းလှန်ကြဖို့ တော်လှန်ရေးအသိ တော်လှန်ရေးသတိ အမြဲရှိကြဖို့ စတဲ့အချက်တွေ တောင်းဆိုလာတာကို တွေ့ရပါတယ်။

တရားဥပဒေ ပျက်စီးနေသရွေ့၊ တရားမျှတမှု ဆိတ်သုဉ်းနေသရွေ့ Failed Law လှုပ်ရှားမှု အသက်ဝင်နေမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ ကောက်ရိုးမီးမဟုတ်ဘဲ စစ်အာဏာရှင်ကို အမြစ်ပြတ်တွန်းလှန်ကြဖို့ ရန်ကုန်လူထုသပိတ်က နှိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013