DVB Logo
Home
မြန်မာသတင်း
ခရစ္စမတ်နှင့် နှစ်သစ်ကူးတွင် လူစုလူဝေးဖြင့် ပွဲတော်မကျင်းပရန် မန္တလေးကက်သလစ် ဂိုဏ်းချုပ် ထုတ်ပြန်
DVB
·
November 15, 2022
ခရစ္စမတ်နှင့် နှစ်သစ်ကူးတွင် လူစုလူဝေးဖြင့် ပွဲတော်မကျင်းပရန် မန္တလေးကက်သလစ် ဂိုဏ်းချုပ် ထုတ်ပြန်
Donate to DVB

လာမယ့် ခရစ္စမတ်ပွဲတော်ရက်နဲ့ နှစ်ကူးပွဲရက်တွေမှာ လူစုလူဝေးနဲ့ ပွဲတော်တွေမကျင်းပကြဖို့ မန္တလေး ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်က ညွှန်ကြား ထုတ်ပြန်ထားပါတယ်။

မန္တလေးကက်လသစ် ဂိုဏ်းချုပ်သာသနာရဲ့ အစိတ်အပိုင်းတချို့ဖြစ်တဲ့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းက ကက်သလစ်ဘာသာဝင်ဓမ္မမိတ်ဆွေတွေ ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေကို စာနာထောက်ထား မျှဝေခံစားသောအားဖြင့် ပျော်ပွဲရွှင်ပွဲတွေ မပြုလုပ်ကြဖို့ မှာကြားတာ ဖြစ်ပါတယ်။

ခရစ္စမတ်နဲ့ နှစ်သစ်ကူးရက်မှာ ခရစ္စမတ်ကယ်ရယ်သီချင်းဆိုတာနဲ့ ခရစ္စမတ်ဓမ္မတေးသီချင်းတွေကို အသံချဲ့စက် (Sound-box)တွေနဲ့ ပွဲခံတာ၊ လူစုလူဝေးနဲ့ ပျော်ပွဲရွှင်ပွဲ၊ မိတ်ဆုံစားပွဲ၊ ဧည့်ခံပွဲကျင်းပတာတွေ မလုပ်ကြဖို့ ပန်ကြားထားပါတယ်။

ဒါ့အပြင် ဘုရားရှိခိုးကျောင်း၊ ခေါင်းလောင်းစင်၊ ကျောင်းပရဝဏ်၊ ဘုန်းတော်ကြီးကျောင်းနဲ့ သီလရှင်ကျောင်းတွေကို  ပုံမှန်နှစ်တွေကလို မီးတွေ အလှပြင်ဆင်တာ၊ ပွဲတော်မြတ်နဲ့ ပတ်သက်တဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်တွေမှာ မဖော်ပြဖို့လည်းမှာ ကြားတာဖြစ်ပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၂၇ ရက် စတင်မယ့် ခရစ်တော်ဘုရားမွေးနေ့တော်အတွက် ပြင်ဆင်ရာ အာဒ်ဝင်တူးအချိန်ကာလဖြစ်တဲ့ ပထမအာဒ်ဝင်တူးတနင်္ဂနွေနေ့မှစတင်ပြီး အာပတ်ဖြေတာ၊ မစ္ဆားနာယူ၊ ဘုရားဝတ်ပြုဆုတောင်းတာ၊ ကျမ်းစာဖတ်၊ တရားနာ၊ တရားထိုင်၊ ပုတီးစိပ်တာ ၊ဒုက္ခရောက်နေသူတွေကို ကူညီလှူဒါန်းတာတွေကိုလည်း ကက်သလစ်သာသနာ ညွှန်ကြားချက်နဲ့အညီ လုပ်ဆောင်ကြဖို့ ဆရာတော်က ပန်ကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013