DVB Logo
Home
မြန်မာသတင်း
တာချီလိတ်ကျောက်မီးသွေးသုံး အုတ်ဖုတ်စက်မှ အနံ့အသက်များ ထိုင်းဘက်အထိ ဆိုးရွားစွာ သက်ရောက်
DVB
·
November 15, 2022
တာချီလိတ်ကျောက်မီးသွေးသုံး အုတ်ဖုတ်စက်မှ အနံ့အသက်များ ထိုင်းဘက်အထိ ဆိုးရွားစွာ သက်ရောက်
Donate to DVB

ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် လွိုင်ဆထုန်တောင်ပေါ် ကျောက်မီးသွေးသုံးအုတ် ဖုတ်လုပ်ငန်းက ထွက်လာတဲ့ မီးခိုးငွေ့နဲ့ အနံ့အသက်တွေဟာ တာချီလိတ်မြို့ ပေါ်ရပ်ကွက်တွေတင်မကဘဲ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်ဘက်ပါ ဆိုးရွားစွာ သက်ရောက်နေတယ်လို့ Maesaipress ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

မယ်ဆိုင်မြို့ပေါ် ရပ်ကွက်နဲ့ နယ်စပ်ကျေးရွာက ပြည်သူတွေဟာ အဆိုပါအနံ့အသက်ကို ခံနေရတာ လနဲ့ချီနေပြီဖြစ်ကြောင်း၊ အဆိုပါအနံ့ဟာ အမှိုက်မီးရှို့နံ့လိုလိုရပြီး အနံ့ရှူရှိုက်မိသူ ပြည် သူတွေအနေနဲ့ လည်ချောင်းယား၊ လည်ပင်းနာ၊ အသက်ရှုကြပ်၊ နှာမွန် နှာစေးတာတွေရှိတယ်လို့ မယ်ဆိုင်မြို့နယ်စည်ပင်ဥက္ကဋ္ဌ နန်းဆောင် ဥဘွန်းကျိုင်ဝမ်နက သတင်ထောက်တွေကို ပြောပါတယ် ။  

ယခင်ကလည်း တာချီလိတ်ဘက်က သတ္တုတူးဖော်မှုကြောင့် မယ်ခေါင်ချောင်းရေဘက်ကို အညစ်အကြေးတွေစီးဝင်ပြီး လယ်ယာလုပ်ငန်းနဲ့ သဘာဝန်းကျင်ထိခိုက်လို့ အဆိုပါကုမ္ပဏီကို ဆိုင်းငံ့ပေးဖို့ မြန်မာအာဏာပိုင်ကို မေတ္တာရပ်ခံခဲ့ပြီး ဒီတခါတော့ အနံ့အသက်တွေ လွှင့်ပျံ့လာ တာလို့ ဆိုပါတယ်။ 

အဆိုပါ အုတ်ဖုတ်လုပ်ငန်းဟာ နှစ်နိုင်ငံချစ်ကြည်ရေးတံတားအမှတ် ၂ နဲ့ ၆ ကီလိုမီတာသာ ကွာဝေးပြီး တရုတ်နိုင်ငံသားပိုင် ၉၉၉ ကုမ္ပဏီက မြေငှားကာ ကျောက်မီးသွေးနဲ့ အုတ်ဖုတ်နေ ကြောင်း၊ ထိုင်းဘက်ပြန့်လွင့်လာတဲ့ အခိုးအငွေ့တွေကို ပြည်သူ့ကျန်းမာရေးဌာနနဲ့ သက်ဆိုင်ရာက multi RAE စနစ်နဲ့ စစ်ဆေးရာမှာ Hydrogen cyanide – HCN ဓာတ်ငွေ့ပါရှိပြီး မီး ခိုးမြူမှုန်သိပ်သည်းဆမှာ 0.5 PPM ရှိနေတယ်လို့ ဆိုပါတယ်။ 

လာမယ့် နိုဝင်ဘာ ၁၇-၁၈ မှာ လေထုညစ်ညမ်းမှုထပ်မံတိုင်းထွာပြီး တဘက်နိုင်ငံတာဝန်ရှိသူတွေအနေနဲ့ ဖြေရှင်းပေးဖို့ အကြောင်းကြားရမယ်လို့ Maesaipress သတင်းမှာ ဖော်ပြပါတယ်။  

တာချီလိတ်ဘက်မှာလည်း တမြို့လုံးနီးပါး အဲဒီအနံ့အသက်ကို ရှူရှိုက်နေရလို့ ရပ်ကွက် လူကြီးတွေကို တိုင်ကြားထားတယ်လို့ တာချီလိတ်ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“သူတို့အုတ်ဖုတ်လုပ်ငန်းလုပ်တာတော့ကြာပါပြီ။ အရင်မိုးတွင်းတုန်းကတော့ မိုးရွာလို့ အနံ့မရဘူး၊ အခုဆောင်းဝင်လာတဲ့ခါကျတော့ နံတာပေါ့။ အနံ့ရတာ တာချီလိတ်တမြို့လုံးလိုပါပဲ။ လွိုင်ဆထုန်တောင်နားက ဝမ်လူမ်း၊ ပုံလို့ ရွာတွေက ပိုခံရတယ်။ တာချီလိတ်မှာဆိုရင်တော့ ဆန်ဆိုင်း၊ မယ်ခေါင်၊ ဝိန်းကျောက်ရပ်ကွက်တွေ ပိုပြီးအနံ့ရတယ်။ ည ၇ နာရီ၊ ၈ နာရီလောက်ဆို စရလာပြီ အဲဒီအနံ့တွေက။”

ကျောက်မီးသွေးကို လောင်စာအဖြစ်အသုံးပြုပြီး အုတ်ဖုတ်နေတာဟာ ဟုန်ပန်းကုမ္ပဏီဖြစ်ကြောင်း၊ ရေရှည်မှာ ကျန်းမာရေးထိခိုက်လာနိုင်တာမို့ ဒီကိစ္စဖြေရှင်းပေးဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီ တိုင်ကြားထားကြောင်း၊ အုပ်ချုပ်ရေးမှူးကလည်း မြို့နယ်အစည်းအဝေးမှာ တင်ပြမယ်ဆိုပြီး ပြောတယ်လို့ ဆိုပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013