Home
မြန်မာသတင်း
တနင်္သာရီမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံး
DVB
·
November 14, 2022
314966059_665530055295057_4194235067888170248_n

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အနောက်မောတုံးရွာထဲမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ပဝနယ်မြေထဲကို နယ်မြေရှင်းလင်းဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ နိုဝင်ဘာ ၁၄ ရက် မနက်ပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

စစ်ကောင်စီဘက်က ခြေလျင်တပ်ရင်းနဲ့ အ‌မြောက်တပ်က အင်အား ၁၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတာဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ အရပ်သားပြည်သူတွေရဲ့ နေအိမ်နှစ်လုံး ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

အဲဒီဘက်မှာ နယ်မြေရှင်းလင်းဖို့ စစ်ကောင်စီတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ရက်တွေတည်းက အနီးနားကျေးရွာတွေမှာ အထိုင်ချ ပြင်ဆင်နေတာဖြစ်ပြီး ဒေသခံရွာသားတွေကလည်း တိုက်ပွဲတွေ ပြင်းထန်လာမှာ စိုးရိမ်လို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

တနင်္သာရီမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာလပိုင်းကနေ အခုချိန်အထိ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ အများအပြား ရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024